" ဟန်ဘင်း "
" ပြောလေ ဟျောင်း !! "
" မနက် စာကြည့်တိုက်သွားချင်လို့ ဟန်ဘင်းလိုက်ခဲ့မလား "
" မနက်လား မက်ချူးနဲ့သွားစရာရှိတယ် ဟျောင်း "
" ဪ ...ဟုတ်လား "
နှုတ်ခမ်းတစ်ဖက်ကိုကိုက်ကာ ခေါင်းတညိမ့်ညိမ့်နှင့်မျက်နှာကြီးအောက်စိုက်သွားသော ဟျောင်း ပုံစံလေးကြောင့်ခိုးပျော်ရသည်။
" ဒါမဲ့ သိပ်တော့အရေးမကြီးပါဘူး ဟျောင်း တစ်ယောက်ထဲဖြစ်နေတယ် မလား လိုက်ခဲ့ပေးမယ်လေ "
" တကယ်လား "
" အင်း "
" ဟန်ဘင်း အကောင်းဆုံးပဲ "
လက်မလေး ထောင်ကာပြုံးလျက် ပြောနေသည့် ဟျောင်း၏ တစ်ခဏအတွင်းပြောင်းလဲသွားအပြုအမူတွေ အားလုံးကို မျက်တောင်မခတ်တမ်းအလွတ်ကျက်နေမိသည်ထိ။
နောက်နေ့မနက် စာကြည့်တိုက်ရောက်လေတော့ မုန့်တွေအများကြီးနှင့် လာဘ်ထိုးနေသည့်သူ။ဒီနေ့တော့ ဟန်ဘင်း အချိန်တွေအားလုံး ဟျောင်းအပိုင်လို့ ဆိုလိုချင်နေတယ်မလား!!
" ဟန်ဘင်း ! "
" ဟင် "
" ဟျောင်း ကို ဘာလို့ ကူညီတာလဲ သနားလို့လား "
" ဒါကတော့ ကျနော်ကသဘောကောင်းတာကိုး အဲ့တော့ခက်ခဲတဲ့သူတိုင်းကို တတ်နိုင်သလောက်ကူညီချင်တာပါပဲ "
ခဗျားကိုတော့ ချွင်းချက်ပေါ့ လို့စိတ်ထဲကသာပြောမိရင်း ဟျောင်း ပုံစံကို အကဲခတ်နေမိတယ် ။မချိပြုံးလေးနှင့် ရေဘူးထဲရေတွေ ဇွတ်သောက်နေပြန်ကာ စာအုပ်ထဲစိတ်နစ်ထားဟန်ပင် တစ်ခဏတော့ တိတ်ဆိတ်လို့ ။
တမင်တကာ သူသောက်လက်စ ရေဘူးကိုယူကာသောက်လေတော့ သူ့ပါးပေါ်အပြုံးတွေဖြစ်ထွန်းပြန်တယ်။ဟန်ဘင်းရဲ့ အချစ်မျိုးစေ့အောင်ခဲ့ပုံပဲ။ရေတစ်ဘူးထဲအတူတူသောက်တယ်ဆိုတော့ ဘာအတွေးတွေများဖြစ်ပေါ်နေမလဲ ။
" ဟျောင်း "
" ဟင် "
" ဘာလို့ ပြုံးနေတာလဲ "
" ဟမ် စာ ..စာထဲမှာ ဟာသ ဟာသပါလို့ "
" ဪ... အခုခေတ်ခြောက်ခြားစရာမှုခင်းတွေလဲ ဟာသတွေထည့်ရေးကြတာပဲနော် "
BẠN ĐANG ĐỌC
💕 LOVE SWITCH 💕
FanfictionHaobin Fan Fiction ပထမဆုံးရေးမှာမို့ အမှားပါရင်ထောက်ပြနိုင်ပါတယ်နော် ။
part -5
Bắt đầu từ đầu
