ထွက်လာပါပြီ သူ့ရဲ့ Hyung၊ မျက်နှာကတော့ ပုံမှန်အတိုင်း တည်တန့်လို့‌နေပါသည်၊ Jay အခုချိန်ထိ Jongwoo Hyung ပြုံးတာကို မမြင်ဖူးပါ၊ ဘာကြောင့် အဲ့သည်လောက်တောင် အပြုံးအရယ် နည်းရတာ‌လဲ၊

" ဘာကိစ္စရှိလို့လဲ "

Hyung ကတော့ Hyung ရဲ့ ပုံစံအတိုင်း လိုရှင်းကိုပဲ ခပ်မာမာပြောနေပေမယ့် Jay ကတော့ တကယ် လန့်နေမိသည်၊ သူက အပြစ်လုပ်ထားသူ မဟုတ်လား

" ဟို ....ကျွန်တော်လေ Seoul ကို သွားမှာမလို့ Hyung မှာ စရာများ ရှိမလားဆိုတာ မေးချင်လို့ "

စိတ်ဆိုးနေတဲ့ ကိစ္စကို တန်းမပြောရဲတာကြောင့် Seoul ကို သွားမယ့် ကိစ္စကိုပဲ Jay စကားပလ္လင် ခံလိုက်ရသည်၊

" မရှိဘူး "

" အော် မရှိဘူးကို "

ပြောချင်တဲ့ အကြောင်းအရာကို Jay ဘယ်လို ပြောရပါ့မလဲ၊ ဒီအတိုင်းပဲ စိတ်ဆိုးနေသေးလား Hyung လို့ပဲ တန်းမေးလိုက်ရမလား၊ ကျွန်တော့်ကို စိတ်ဆိုးပါနဲ့ လို့‌ပဲ ပြောလိုက်ရမလား‌ဆိုပြီး တစ်ယောက်တည်း အတွေးလွန်နေတဲ့ Jay

" ပြောစရာ မရှိရင် ငါသွားပြီ "

Jongwoo Hyung ရဲ့ ပြောသံကြားမှ ပြန်ပြီး အသိဝင်လာခဲ့သည်၊ ပြောပြီးပြီးချင်း လှည့်ပြန်ဖို့ ပြင်နေတဲ့ Jongwoo Hyung ရဲ့ လက်ကို Jay လှမ်းဆွဲလိုက်ပါသည်၊

" မဟုတ်ဘူး မဟုတ်ဘူး Hyung ကျွန်တော့်ကို စိတ်ဆိုး ပြေပါတော့ "

" အဲ့နေ့က ကျွန်တော်မှားသွားပါတယ် နောက်တစ်ခါ ထပ်မလုပ်တော့ပါဘူး၊ Hyung ကျွန်တော့်ကို စိတ်မဆိုးနဲ့တော့နော် "

သူ့ကိုသာကြည့်နေပြီး စကားပြန်မ‌ပြောသည့် Hyung ကြောင့် Jay တကယ်ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်သွားရသည်၊

[ ဘာကိုင်ရမှန်းမသိတာမဟုတ်ပါဘူး Hyung လက်ကို Jay ကိုင်ထားသည်လေ၊ တကယ်က ဘာလုပ်ရမယ်မှန်းပဲ မသိတာပါ ]

" သိပြီ လက်ကို လွတ်တော့ "

သတိပေးတဲ့အခါမှပဲ Jongwoo Hyung ရဲ့လက်ကို Jay လွတ်လိုက်တော့သည်၊

" တောင်းပန်ပါတယ် Hyung ကျွန်တော် ကိုင်ထားမိမှန်း မသိလိုက်လို့ပါ  "

" Hyung ကျွန်တော့်ကို စိတ်ဆိုးနေသေးလားဟင်"

Jay လိုချင်တဲ့ အဖြေ မရမချင်း ဒီမေးခွန်းကိုပဲ ထပ်ခါထပ်ခါ မေးနေမိဦးမှာ၊

" ဘယ်နှရက်ကြာမှာလဲ "

တကယ် သူ့အမေးကို မဖြေဘဲ မေးခွန်းပြန်ထုတ်လာသည့် Hyung

" မကြာပါဘူးမနက်ဖန်ပဲတန်းပြန်လာမှာ Hyung "

" ငါသွားတော့မယ် "

တကယ်ပဲ သူမေးတာကို လျစ်လျူရှု့ပြီး လှည့်ထွက်သွားတဲ့ Jongwoo Hyung

Jay တကယ်စိတ်မကောင်းဖြစ်ပါသည်၊ သို့ပေမယ့် သူဘာမှမတတ်နိုင်ပါ၊ သူကပဲအမှားလုပ်ထားတာ မဟုတ်လား ဒီလောက်တော့ခံရမှာပေါ့၊

Jay ကားထဲကို ပြန်ဝင်ခါနီး Hyung က သူ့ကို လှမ်းခေါ်လိုက်သည်ကို ကြားလိုက်ရသည်၊

" Hee Choi"

" ကောင်းကောင်းသွားပြီး ပြန်လာခဲ့ "

Hyung ဆီက ဒီလိုစကားမျိုးကြားရဖို့ မျှော်လင့်မထားခဲ့တာ အမှန်ပါပဲ၊ ဒီလောက်ဆို Hyung သူ့ကို စိတ်ဆိုးနေတဲ့ အခြေအနေ မဟုတ်တော့ဘူးမလား Jay တကယ် ကိုပျော်မိပါသည်၊

နောက်ပြီး သူ့ကို Hyung ခေါ်နေကျ နာမည်လေး
" Hee Choi" တဲ့ ဖြစ်နိုင်ရင် Jay နာမည်ပြန်ပြောင်းလိုက်ချင်ပါတယ်၊ Choi Hee Chang မဟုတ်ဘဲ Chang Hee Choi လို့လေ ><

_____________________________________________

AN // ဒီနေ့တော့ စာရေးဖို့ သိပ်အာရုံစုစည်းလို့ မရတာကြောင့် ဒီလောက်ပါပဲ၊ နောက်ပြီး ပြောချင်တာတစ်ခုက Jay Chang နဲ့ နာမည်ကိစ္စပါ ဘယ်သူ့ကိုမှ ထိခိုက်စေချင်တဲ့ စိတ်မရှိဘဲ Nickname အနေနဲ့ပဲ သုံးထားတာပါ အဆင်မပြေတာရှိရင်လည်း ကြိုပြီး တောင်းပန်ပါတယ်‌နော်။

MIDNIGHT Where stories live. Discover now