Jay အိမ်ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်ပေမယ့် ဘာကိုမှ မမြင်လိုက်ရပါ၊ သို့ပေမယ့် ထိုလူက Jongwoo Hyung ဆိုတာ အသေချာ သိနေပါသည်၊

" ဘယ်အရာတွေကများ Hyung ကို ဒီလိုမျိုး နာကျင်စေရတာလဲ ကျွန်တော် သိချင်မိတယ်၊ ဘာကြောင့် ဘယ်သူ့ကြောင့် Hyung က ဒီလိုဖြစ်နေရတာလဲဆိုတာကိုရော "

တွေ့ဆုံတဲ့ အချိန်အပိုင်းအခြားက တိုတောင်းလွန်းပေမယ့် Hyung က သူ့စိတ်ထဲမှာ နေရာ အပြည့်ယူထားသလိုမျိုး၊ Jongwoo Hyung အကြောင်း သူတကယ်သိချင်မိတယ်၊

" စိတ်ရင်းနဲ့ ပြောရင် Hyung ကို တကယ် ပျော်ရွှင်စေချင်မိတယ် "

_____________________________________________

[ MIDNIGHT THOUGHTS TO 2021]

" ကိုကို မေမေတို့ ကျွန်တော့်ကို စိတ်ဆိုးနေမလားသိဘူး "

ကိုကိုနောက်ကို ယုံယုံကြည်ကြည်နဲ့ လိုက်လာခဲ့တဲ့ Jongwoo လေးက မေမေတို့စိတ်ဆိုးနေမှာကို‌တော့ ကြောက်ပါသည်၊

" ခဏလေးပါပဲ မေမေ ပြီးရင် သားမေမေ့ဆီကို ပြန်လာမှာပါ "


" စိတ်ဆိုးလောက်ပါဘူး ကလေးလေးရဲ့ အရာအားလုံး အဆင်ပြေသွားတဲ့ အချိန်ကျ ကိုကိုတို့ မေမေ့ဆီ အတူတူ သွားကြမယ်လေ "

" ဟုတ်ကိုကို "

ကိုကို့စကားကို သူယုံပါသည်၊ ကိုကိုက သူ့ကို ဘယ်တော့မှမညာတတ်ဘူး ပြောထားတဲ့ ကတိအတိုင်း တည်အောင် လုပ်ပေးတတ်တဲ့ လူစားမျိုးလေ၊

" ကိုကိုကလေးလေးက လိမ္မာတယ် အိပ်တော့နော် မနက်ကျ ကိုကို ကလေးလေးကြိုက်တဲ့ ပေါင်မုန့် ထောပတ်သုတ်လေး လုပ်ပေးမယ် "

ကိုကိုက Jongwoo ကို သိပ်ချစ်ပါသည်၊ Jongwoo ကြိုက်တတ်တဲ့ အရာမှန်သမျှကို လုပ်ပေးပါသည်၊ အလိုလည်းလိုက်သည် ကိုကိုနဲ့ နေရတာ တကယ်ကို ပျော်ဖို့ကောင်းပါသည်၊

MIDNIGHT Where stories live. Discover now