"မိုခီတာဟာ ကန်းထရစ်မင်းကြီးရဲ့သွေးချွေးနဲ့ တည်ထောင်ခဲ့ရတဲ့တိုင်းပြည်ဖြစ်ပြီး မင်းကျင့်ဝတ်တရားနဲ့ပြီးပြည့်စုံတဲ့ ဧကရာဇ်တစ်ပါးပေမို့ ယနေ့တိုင်အောင် ဘယ်တိုင်းပြည်ထံကိုမှ မျက်နှာငယ်စွာနေ​ပေးဖို့ မလိုအပ်ခဲ့ပေဘူး။ အဲ့ဒီလိုပဲ အရှင့်သားသည်လည်း တိုင်းပြည်ကြီးရဲ့အရှိန်အဝါကို ဆထက်တပိုး တိုးမြင့်စေခဲ့တဲ့ မင်းသားတစ်ပါးဖြစ်ပေတယ်။ ဒါပေမဲ့ အဲ့ဒီလိုမင်းသားတစ်ပါးက ယခုတွင်တော့ အမျိုးတူခြင်း မေတ္တာသက်ဝင်ရင် တိုင်းသူပြည်သားတွေသေကျေ၊ အရှင်မင်းကြီးလဲအတိဒုက္ခရောက်ပြီး တိုင်းပြည်ပျက်သုန်းရလိမ့်မယ်ဆိုတဲ့ နမိတ်အဟောကိုမသိကျိုးကျွံပြုကာ ဖောက်ဖျက်ခဲ့ပေတယ်။ တစ်တိုင်းပြည်လုံး ထူးဆန်းသောအရာတွေနဲ့ စတင်ကြုံဆုံလာနေရပြီး အဖြေရှာမရတဲ့ကိစ္စတွေ ဆက်လက်ဖြစ်ပေါ်နေတဲ့အပြင် ရှင်ဘုရင်ရဲ့ကျန်းမာ​ရေးကလဲ အ​ဖြေရှာမရတာကိုတောင် အရှင့်သားက ရပ်တန့်ခြင်းမရှိခဲ့​ပေဘူး။ ဒီလိုမျိုးသာဆိုရင် မိုခီတာနဲ့အရှင်မင်းကြီးကိုရော ကျွန်ုပ်တို့ကိုယ်တိုင်ကိုရော ကာကွယ်ပေးဖို့ရာ ကျွန်ုပ်တို့ပြုလုပ်နိုင်တဲ့အရာက​တော့ အရှင့်သားက ဒီတိုင်းပြည်ကနေ နှင်ထုတ်စေဖို့နဲ့ မင်းသားအရာမစွန့်လွှတ်နိုင်၊ မထွက်ခွာနိုင်ပါက နိမိတ်ကျိန်စာပျက်ပြယ်ဖို့ရာ အသက်ကိုစွန့်ခိုင်းရပေမယ်။ သို့မဟုတ်ပါက မိုခီတာဟာ မကြာခင်မှာပျက်သုန်းရတော့မယ်!!!"

နတ်ဆရာလိုလို ၊ ရှေ့ဖြစ်ဟောသူလိုလိုနှင့် ရှေ့မှီနောက်မှီလူကြီးတစ်ယောက်ဧ။် စကားလုံးတွေက မိမိဧ။်နားထဲအဆီအငေါ် မတည့်စွာဝင်ရောက်လာပြီး ဒေါသစိတ်ကြောင့်တစ်ကိုယ်လုံးမှာလဲ ဖျဉ်းခနဲဖြစ်လာရလေသည်။ ထိုစကားလုံးများကို ထပ်ခါထပ်ခါပြောနေသည့် ထိုလူအနီးအရပ်သားများလဲ အုပ်စုလိုက်ရပ်နားထောင်နေကာ ခေါင်းတညိတ်ညိတ်ပေမို့ သည်းမခံနိုင်တော့သည့်အဆုံး ထရပ်ရန်ပြင်လိုက်ချိန်တွင် Land က မိမိလက်ကိုဆွဲ၍ သတိပေးလာသည်။

"ကျွန်တော့်ကို ကတိပေးထားတယ်လေ စစ်သူကြီး"

"Land...."

"ဒီလိုမျိုးတွေကြောင့် အရှင့်သားကိုတစ်ယောက်တည်း မသွားလာစေချင်တာပါ စစ်သူကြီး။ Lord က အရှင့်သားကိုသတိပေးပေမယ့် စိတ်မပူပါနဲ့လို့ပဲပြောတယ်တဲ့"

𝔻𝕦𝕔𝕙𝕖𝕤𝕤 𝕆𝕗 𝕍𝕚𝕤𝕔𝕠𝕦𝕟𝕥 🦋Opowieści tętniące życiem. Odkryj je teraz