ရုတ်တရက်ခေါင်းပေါ်ရောက်လာတဲ့အဝတ်တစ်ထည်နဲ့ အဝတ်ပေါ်ကလက်ချောင်းသေးသေးလေးရဲ့အထိအတွေ့တွေကြောင့် Hyunjin ရဲ့တစ်ကိုယ်လုံးတောင့်တင်းသွားရသည်။ စားသောက်နေကြသည့် member များကထိုနှစ်ယောက်ကိုအာရုံမစိုက်ပေမယ့် Changbin ကတော့ တောင့်တောင့်ကြီးနဲ့ခေါင်းငုံ့ကာမျက်နှာရဲနေသည့် Hyunjin ကိုကြည့်၍မသိမသာခိုးပြုံးလိုက်မိသည်။

သူတို့စားသောက်ပြီးစီးသွားသောအခါ Changbin နဲ့ Hyunjin ကပန်းကန်ဆေးတာဝန်ယူပြီး Lee Know ကအရံဟင်းတွေကိုရေခဲသေတ္တာထဲပြန်ထည့်ကာ စားပွဲကိုသန့်ရှင်းရေးလုပ်နေသည်။ထိုအချိန် တံခါးဖွင့်သံကြားလာရပြီး Lee Know မျက်လုံးတွေက တံခါးဝသို့ချက်ချင်းရောက်သွားသည်။


" Hyung တစ်ယောက်တည်းပြန်လာတာလား "

တစ်စုံတစ်ခုကိုရှာဖွေသောမျက်လုံးများဖြင့် Chan၏နောက်ဘက်သို့ကြည့်ရင်း မေးလိုက်သော်လည်း chanက lee knowရဲ့အမေးကိုချက်ချင်းပြန်မဖြေပါ။သူကပင်ပန်းနေပုံရတဲ့မျက်နှာနဲ့ အိတ်တစ်လုံးကိုင်ကာ အိမ်ထဲဝင်လာပြီး ရေခဲသေတ္တာနားသို့လျှောက်သွားသည်။ Lee Know ကသူ့အမေးကိုပြန်မဖြေသည့် Chan ကိုလိုက်ကြည့်နေပြီး အဖြေကိုစောင့်ဆိုင်းနေသည်။ Chan ရေသေတ္တာကိုဟိုကြည့်ဒီကြည့်လုပ်ပြီးနောက် ပြန်ပိတ်လိုက်ကာ စားပွဲပေါ်ရှိရေခရားထဲကရေကိုအပြည့်ငှဲ့ပြီး တကျိုက်တည်းမော့သောက်လိုက်သည်။သူရေအဝသောက်ပြီးနောက် မျက်လုံးတစ်စုံကသူ့ကိုစူးစိုက်ကြည့်နေတယ်လို့ခံစားနေရတာကြောင့် သူ့ခေါင်းကိုစောင်းငဲ့ကာ ပြန်ဖြေလိုက်၏။

" အင်း ဟုတ်တယ် Hannie က သူအကလေ့ကျင့်မလို့ဆိုပြီးကျန်ခဲ့တာ မနက်ဖြန်ကျရင် မင်းဆီကထပ်အဆူမခံချင်ဘူးတဲ့လေ "

Chan ရဲ့ပိုပိုသာသာအပြောကြောင့် Lee Know ကမျက်နှာပျက်သွားကာ နာရီကိုလည်းပြန်ကြည့်လိုက်သည်။ အချိန်က ၁၂နာရီကျော်နေပြီ မနက်ကျရင်လည်း schedule နှစ်ခုကရှိနေသေးသည်။ နာရီကိုကြည့်ရင်း တစ်ခုခုတွေးနေပုံရတဲ့ Lee Know ရဲ့မျက်နှာကြောင့် Chan ကမသိမသာပြုံးလိုက်ရင်း

" ပြီးတော့ သူဘာမှစားရသေးတာလဲမဟုတ်ဘူးကွ ဗိုက်ဆာနေတာကိုခေါင်းမာပြီးဆက်ကနေသေးတာ ပြန်ဖို့ကိုခေါ်မရဘူး။မင်းသိတဲ့အတိုင်းHannieကခေါင်းမာတယ်လေ။ အဲ့ဒါကြောင့် ငါကွက်ကီးတစ်ထုတ်နဲ့ရေဘူးပေးပြီးထားခဲ့ရတယ် "

You've reached the end of published parts.

⏰ Last updated: May 10, 2023 ⏰

Add this story to your Library to get notified about new parts!

SHIPSWhere stories live. Discover now