HOME ( ONE SHOT )

Start from the beginning
                                    

ပါတီသွားဖို့ ခွင့်ပြုချက်ရသွားတော့ Jongwoo တစ်ယောက် အလွန်ပျော်ရွှင်သွားမိတယ်

" 9 နာရီ 9 နာရီချိန်းထားတာ ဒါဆို Hyung သွားပြီး အဝတ်အစား လဲလိုက်ဦးမယ် 12 မကျော်ခင်ပြန်လာမယ်နော် Hyung ရဲ့ လိမ္မာတဲ့ ကလေးလေး ဂျေဂျေး Mwah Mwah "

Yoon Jongwoo တစ်ယောက် ပူဆာတာ ရသွားတဲ့ ကလေးတစ်ယောက်လို အပျော်လွန်ပြီး Jay ရဲ့ ပါးတစ်ဖက်တစ်ချက်ဆီကို အာဘွားပါ အဆစ်ပေးလိုက်သေးတယ်။

" ကလေးက ကျွန်တော်ဟုတ်လို့လား Hyung မဟုတ်ဘူးလား ခုပဲ ပျော်နေတာကြည့်ဦး Hyung က ၂၃ နှစ်ရော ဟုတ်ရဲ့လား ၃ နှစ်သား ကလေးလေး မဟုတ်ဘူးလား ဟမ် "

IN NUEST BAR;

" လာပါပြီ ကိုဘောက်ကျဲလေး ခုမှပဲ ပေါ်လာတော့တယ်၊ ဘာလဲ ‌အိမ်က မေရိကန်သားလေးက မလွှတ်လို့လား Yoon Jong Woo shi "

‌ရွှတ်နောက်နောက်ဆိုလာတဲ့ Seung Hwan ရဲ့ စကားကြောင့် Jongwooတစ်ယောက်ရယ်ကျဲကျဲနဲ့

" မဟုတ်ပါဘူးကွာ ကိစ္စလေးရှိလို့ ကြာနေတာပါ နောက်ပြီး ငါ 12 ‌နာရီလောက်ဆိုရင် ပြန်မှာနော် အကြာကြီးနေလို့မရဘူး အိမ်မှာ Jay တစ်ယောက် တည်း" ဟု အကဲလွန်တတ်သော ဘော်ဒါတွေကို Jongwoo တစ်ခါတည်း ကြိုသတိပေးထား လိုက်တော့တယ်၊

" အမလေးဗျာ Yoon  Jongwoo  တို့များ သည်းကဲနေတော့တာပဲ အခုတကည်းက တစ်ခါတည်း ပြန်လိုက်ပါတော့လား " လို့ Seung Hwan မနေနိုင်စွာ ပြောရပြန်တယ်၊

" ကျွန်တော်လို အချစ်လေးကို တစ်ခါတည်း ခေါ်လာတာ မဟုတ်ဘူး အတူတူကဲလို့ ရတာပဲ " ဆိုကာ Wumuti Hyung ပခုံးပေါ် ခေါင်းတင်ပြီး ချွဲတဲတဲလုပ်ပြနေသော Seung Hwan ကြောင့် Yoon Jong Woo တစ်ယောက် မရယ်ပဲ မနေနိုင်၊

" ဟုတ်တာပဲ Jongwoo Hyung ကလည်း Jay ကို ခေါ်လာခဲ့တာ မဟုတ်ဘူး ကျွန်‌တော်တို့လည်း ရှိနေတာပဲ" လို့ Hanbin ကပြောတော့

" အင်း မင်းတို့ပြောတာလည်း ဟုတ်ပါတယ်၊ အဲ့တာတွေ ထားလိုက်ပါတော့ ကဲ ခုရောက်လာပြီဆိုတော့ သောက်ကြရအောင် "

HOMEWhere stories live. Discover now