HOME ( ONE SHOT )

450 36 2
                                    

Jay နဲ့ ချစ်သူဖြစ်လာတဲ့ သက်တမ်း 2 နှစ်ကျော် အတွင်းမှာ ပြောင်းလဲလာတာဆိုလို့ Yoon Jongwoo ရဲ့ အကျင့်စရိုက်ပဲရှိတယ်၊ ဒီကလေးလေးကို တွေ့ပြီး နောက်ပိုင်း သူအရင်လို မဆိုးတော့ဘဲ ပိုပြီး လိမ္မာလာတယ်၊ အရင်က ချောင်းပေါက် မတတ်သွားတတ်တဲ့ BAR ကိုတောင် ခုသွားရာ ခွင့်တောင်းဖို့ ခဲယဉ်းနေတာကိုပဲ ကြည့်၊ ချစ်သူရပြီးနောက်ပိုင်း ဘယ်လိုတွေ အချိုးပြောင်းသွားလဲဆိုတာ ပြောပြရင်တောင် ယုံကြမှာ မဟုတ်ဘူး။

အခန်းထဲတွင်  Yoon Jong Woo တစ်ယောက် ပါတီသွားရန်အတွက် Jay ကို ဘယ်လိုခွင့်တောင်းရမလဲ စဉ်းစားရင်း အခက်တွေ့နေသည်ဖြစ်တယ်။ နာရီကို ကြည့်လိုက်တော့ အချိန်က 9 နာရီထိုးဖို့ 15 မိနစ်သာလိုတော့တယ်။ ဒီထက်ပိုပြီး အချိန်ဆွဲနေ၍ မဖြစ်တော့

" မသိတော့ဘူးကွာ အချိန်က မရှိတော့ဘူး အဆင်ပြေသလို ပြောကြည့်ရမှာပဲ "

ဒီလိုနဲ့ Jay သီချင်းရေး‌နေတဲ့ အနားကို သွားပြီး စိတ်လှုပ်ရှားရင် လုပ်နေကျအတိုင်း အင်္ကျီလက်ရှည်လေးကို လက်ချောင်းတွေအထိ မရမကဖုံးရင်း

" Jay ဟိုလေ ငါဒီည Hanbin တို့နဲ့ ပါတီ ခဏသွားလို့ ရမလား "

Hyung ရဲ့ မဆိုစဖူး ဆိုလာတဲ့ စကားကြောင့် Jay တစ်ယောက် မေးခွန်းပြန်ထုတ်မိတယ်

" ပါတီ !? အခုပဲ 9 နာရီ ထိုးတော့မယ်ကို Hyung ပြန်လာရင် တအားညဉ့်နက်နေမှာပေါ့ ပါတီဆိုတော့ ဘယ်မှာလုပ်ကြမှာလဲ Hyungကသွားချင်လို့လား "

" NUEST BAR မှာ ဆုံကြမှာရယ် အဲ့မှာ ပါတီလုပ်ကြမှာ၊ Hyung က အရမ်းသွားချင်နေတာမျိုးတော့ မဟုတ်ပါဘူး ဒါပေမယ့် အထက်တန်း ကျောင်းတုန်းကသူငယ်ချင်းတွေ ပြန်ဆုံတာဆိုတော့ မသွားလို့လည်း မကောင်းဘူးလေ Hanbin ကလည်း ခေါ်နေတော့ ငြင်းရင် အားနာစရာတွေ ဖြစ်ကုန်မှာဆိုးလို့၊ Hyung ခဏလေးပဲ သွားလို့ ရမလား Jay "

" Hyung သွားချင်နေရင် ရပါတယ် ပြန်တော့ လာမယ်မဟုတ်လား အရမ်း အကြာကြီး မလုပ်နဲ့နော် ကျွန်တော်စောင့်နေမယ်၊ ဒါနဲ့ ဘယ်နှနာရီချိန်းထားတာလဲ ပြင်စရာရှိတာ ပြင်တော့လေ "

HOMEDonde viven las historias. Descúbrelo ahora