" မားကတော့ လုံးဝ လက်မခံနိုင်ဘူး။"

" မား လက်ခံအောင် တော်ဝင်ကြိုးစားမှာပါ။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး အောင်မြင်အောင် ကြိုးစားမယ်။ ကိုယ့်ဖြစ်တည်မှုကို လက်ခံရင်း အောင်မြင်အောင် ပျော်ရွှင်အောင် ကြိုးစားမှာပါ။ အဲ့တာကြောင့် တော်ဝင် ဒီက ထွက်သွားပါရစေ.."

" အဲ့တာတော့ ဒယ်ဒီ ခွင့်မပြုနိုင်ဘူး သမီး.."

" တော်ဝင့်ကို ယုံလိုက်ပါ ဒယ်ဒီ"

တော်ဝင်လည်း အဲ့ဒီနောက်ပိုင်း ဒယ်ဒီ့အကူအညီဖြင့်နိုင်ငံခြားသို့ သွားခဲ့သည်။
ဒယ်ဒီ့အကူအညီ မယူလို့လည်း မရ။ တစ်ယောက်တည်း နေတော့မှ အလုပ်လုပ်ရသည်မှာ ဘယ်လောက် ခက်ခဲသလဲ သိလာရသည်။
ဒယ်ဒီ့အကူအညီယူပြီး ဂျပန်မှာ ကျောင်းသွားတက်ဖြစ်သည်။

ကျောင်းတက်ရင်း အလုပ်လုပ်ရသည်မှာ မလွယ်ကူလှ။ အစားအသောက်၊ အနေအထိုင်ကအစ အရမ်းပင်ပန်းလို့ တစ်ခါတစ်ခါ မားရင်ခွင်ရှိရာ မြန်မာပြည်ကိုပြန်ချင်စိတ်တွေ ဖြစ်လာရသည်။
မာနဆိုသည့် အရာက တင်းခံနေလို့ မပြန်ဖြစ်။
စီးပွားရေးနှင့် University လေးနှစ်တက်ပြီး သုံးနှစ်မျှ အလုပ်လုပ်ခဲ့သည်။

အတန်သင့်စုဆောင်းမိလာသည်နှင့် မြန်မာပြည့်သို့ပြန်ပြီ ကော်ဖီဆိုင်လေးဖွင့်ထားတာဖြစ်သည်။
ကော်ဖီဆိုင်လေး အောင်မြင်လာ‌ေစရန် page ဖွင့်ပြီး ဈေးဗန်းခင်းရန်ကြံရွယ်လိုက်သည်။
မသုံးဖြစ်တာ ကြာပြီဖြစ်သော Facebook ကို ဖွင့်ပြီး အမှတ်မထင် ကြောင်တောင်တောင် ကလေးမလေးကို addလိုက်မိသည်။
post တင်ပြီး စာတွေကလည်း တစ်နေ့ သုံးလေးပုဒ်ရေးသည်။
Moe Yeik Sin ဆိုတဲ့ ကလောင်နာမည်လေးနှင့် လိုက်ဖက်စွာ အဲ့ကလေးမ wallထဲ ဝင်လိုက်ရင် လွမ်းလွမ်းဆွေးဆွေး..
တော်တော်လေး feel နိုင်တဲ့ ကလေးမ။
အဲ့တာနှင့် ဘာရယ်မဟုတ် စကားပြောမိတာ ။
ပြောရဲဆိုရဲ ရပ်ကွက်က ကလေးမက တွဲကြရအောင်ဆိုလို့ တွဲဖြစ်သွားကြသည်။

အခုတော့ အဲ့ကလေးမကို ပြစ်ထားလိုက်အုံးမည်။ အမြဲ တွေဝေပြီး မပြတ်မသားနှင်မို့ အားမလိုအားမရဖြစ်မိသည်မှာအမှန်။
ကိုယ်ပစ်ထားပင်မယ့် မနားမနေ ဖုန်းခေါ်နေသည်ကို လျစ်လျူရှုထားမိသည်မှာ လွယ်တော့မလွယ်။
မနက်ဖြန်တော့ ဖုန်းဆက်ကြည့်ရမည်ဟု တွေးနေလိုက်သည်။

ပြင်ဆင်‌ခွင့်လေး ပေးသနားပါ...( complete)Where stories live. Discover now