အခန်း 18

Comincia dall'inizio
                                    

ဦးကောင်းမြတ်တို့ ဖခင်နှစ်ယောက်စကားစလာကြသည်။

"ဟား..ဟား..မဟုတ်တာဗျာ..ကျွန်တော်က လမ်းကြောင်းလေးနည်းနည်းရှင်းပေးရုံပဲ"

ဦးဖုန်းမြင့်ရှိန်က အသက်ငါးဆယ်နီးနီးဆိုပေမဲ့ လျင်မြန်ဖြတ်လတ်တုန်းဖြစ်သည်။ဦးကောင်းမြတ်နဲ့သက်တူရွယ်တူတွေဖြစ်ပေမဲ့ ဦးကောင်းမြတ်က ဦးဖုန်းမြင့်ရှိန်နဲ့ ယှဉ်လျှင် အနည်းငယ် အသက်ကြီးသယောင်ထင်ရသည်။

"ချမ်းက ကျောင်းပြီးရင် ဘာလုပ်မယ်စဉ်းစားထားလဲ"

ဦးဖုန့်မြင့်ရှိန်က ချမ်း ဘက်လှည့်ပြောလာသည်။ချမ်းက ဦးဖုန်းမြင့်ရှိန်ကိုကြည့်လာကာ....

"ကျွန်တော်...ကော်ဖီဆိုင်တစ်ခုခုဖွင့်ဖို့ စဉ်းစားထားတယ်..အန်ကယ်လ်"

ချမ်း စကားကြောင့် ဦးဖုန်းမြင့်ရှိန်က နှုတ်ခမ်းတွေအောက်ကွေးကျကာ မျက်ခုံးပင့်သည်။ဒီကောင်လေးက လောဘနည်းတာပဲ။

"နင့်စိတ်ကူး ကောင်းတာပဲ ချမ်းရဲ့..ကော်ဖီဆိုင်လေးနဲ့တွဲရက် စာအုပ်ဆိုင်လေးပါထည့်!ငါတို့သူငယ်ချင်းတွေ အမြဲလာအားပေးမယ် သိလား"

"အင်း"

ဒါလီက ချမ်းကိုထောက်ခံကာ တက်တက်ကြွကြွပြောလာသည်။ဒေါ်မေမီက ဒါလီ့စကားကြောင့်ရယ်ရင်း.....

"နောက်ဆို..သမီးလေးက ချမ်းနဲ့အတူရှိမှာပဲ...အားပေးစရာမလိုတော့ဘူးလေ"

ဒေါ်မေမီ့စကားကြောင့် ချမ်း မနေတတ်ဖြစ်သွားသလို ဒါလီလည်း စားလက်စထမင်းသီးသွားရသည်။

"အဟွတ်!..အန်တီမီ ကလည်း.."

ဒါလီ့မျက်နှာ အနည်းငယ်ပန်းရောင်သမ်းသွားသည်။ဒါလီက ပန်းပွင့်သေးသေးလေးတွေပါသည့် စိမ်းနုရောင်ဂါဝန်ရှည်လေး ဝတ်ဆင်ထားခြင်းဖြစ်သည်။ဆံပင်တွေအပြောင်သိမ်းပြီး ထိပ်မှာ ထုံးထားသည်။ဖွေးနုနေသည့် ဒါလီမျက်နှာလေးက ပေါ်လွင်လျက်။

"ဟော..ကလေးတွေရှက်နေကြပြီရေ..မီရေ မစပါနဲ့"

ဒေါ်နွေးနွေးချိူကပါ သဘောတကျရယ်ရင်းဝင်ပြောသည်။

"ပြောမှပဲ..လာရင်းကိစ်ကိုမေ့တော့မလို့..ကိုဖုန်း ..မီစဉ်းစားတာလေ..ကလေးနှစ်ယောက်ကို နေ့ကောင်းရက်သာလေး ရွေးပြီးစေ့စပ်ပေးထားတော့မလားလို့...ကျောင်းပြီးတာနဲ့တစ်ခါတည်း လက်ထပ်ပေးလို့ရတယ်လေ"

Falling In Love With My Husband.Dove le storie prendono vita. Scoprilo ora