ဘာကြောင့်လဲဆိုတော့ သူမက ယန်ချီရဲ့ စိတ်ဝိဉာဉ်လက်နက်ကို မြင်ဖူးတာကြောင့်ပါ။

ယန်ချီရဲ့ ခန္ဓာကိုယ်ပတ်လည်မှာ အနီရောင် စိတ်ဝိဉာဉ်လက်နက်တွေ ရစ်နေပုံက တကယ်ကို ကြောက်မက်ဖွယ်ရာ အသွင်ပါ။

“ငါ မင်းကို တကယ် လေးစားမိတယ်”

နဂါးဘုရားကျောင်း ထိပ်တန်းတပည့် ဂျင်ယွင်က ယန်ချီကို ကြည့်ပြီး အေးစက်စက် ပြောလိုက်တယ်။

“င့ါရဲ့ ဆက်နွယ်မှု လက်နက်နဲ့ စိတ်ဝိဉာဉ်လက်နက်တွေက အရမ်း အစွမ်းထက်တယ်။ ဒါကို မင်းမကြောက်ဘူးလား”

ဂျင်ယွင်ကို ယန်ချီကို ဆက်ပြောလိုက်တယ်။

ယန်ချီတစ်ယောက် ဒီစကားကို ကြားတော့ အားပါးတရ ရယ်မောလိုက်တယ်။

သူက ဒီလောကမှာ ကျင်လည်နေစဉ်ကာလမှာ အကြိမ်ပေါင်းများစွာ ရယ်မောဖူးပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်က အရယ်ချင်ဆုံး အချိန်ပါပဲ။

“မင်း ပြောချင်တာက မင်းရဲ့ ဆက်နွယ်မှု လက်နက်နဲ့ စိတ်ဝိဉာဉ်လက်နက်တွေက အရမ်းကို အစွမ်းထက်တယ်ပေါ့။ ဒါကြောင့် ငါကြောက်သင့်တယ်ပေါ့ ဟုတ်လား”

“ဟုတ်တယ်”

နဂါးဘုရားကျောင်း ထိပ်တန်းတပည့် ဂျင်ယွင်က ခေါင်းညိတ်ပြလိုက်တယ်။

“တကယ်တော့ မင်းရဲ့ အမြင်က တခါတလေမှာ မှားတက်တယ်။ ဒါကြောင့် မင်းရဲ့ အမြင်ကိုပဲ မယုံကြည်ဖို့ ငါအကြံပေးပါရစေ”

ယန်ချီက ပုံမှန်အတိုင်းပြောလိုက်တယ်။

ဒီအချိန်မှာတော့ ယန်ချီရဲ့လက်က နောက်ကျောမှာ ရှိတဲ့ ဓါးလက်ကိုင်ရိုးပေါ် ရောက်သွားခဲ့တယ်။

ဂျင်ယွင်က အရူးတစ်ယောက်တော့ မဟုတ်ပါဘူး။ သူက ယန်ချီတစ်ယောက် ဆက်နွယ်မှု လက်နက်ကို ဆွဲထုတ်တော့မှာ မြင်တဲ့အတွက် သူ့မျက်နှာထက်မှာ လှောင်ပြောင်တဲ့ အမူအယာ ပေါ်လာခဲ့တယ်။

ယန်ချီရဲ့ ဆက်နွယ်မှု လက်နက်က သူ့ထက်ပိုပြီး အဆင့်မမြင့်လောက်ဘူးလို့ ထင်မိလိုက်တယ်။

“ဝှစ်”

ရုတ်တရက် ကောင်းကင်ဓါးဂိုဏ်း ရင်ပြင်ပေါ်မှာ ရှိတဲ့ လူတိုင်းရဲ့ အရှေ့မှာ အေးစက်စက် အလင်း ဖျတ်ခနဲ့ လက်သွားခဲ့တယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now