ဒီလို ဆက်နွယ်မှု လက်နက်နဲ့ စိတ်ဝိဉာဉ်လက်နက်တွေဆိုတာ သာမန် စိတ်ဝိဉာဉ်ပညာရှင်တွေအရှေ့မှာတော့ တကယ်ကို ကြောက်မက်ဖွယ်ရာပါ။

ကောင်းကင်ဓါးဂိုဏ်းရင်ပြင်မှာ ရှိနေကြတဲ့ လူအုပ်ကြီးက ဂျင်ယွင်ရဲ့ ဆက်နွယ်မှုလက်နက်နဲ့ စိတ်ဝိဉာဉ်လက်နက်တွေကို မြင်တော့ စိတ်လှုပ်ရှားသွားကြတယ်။၏

ဘာကြောင့်လဲဆိုတော့ နဂါးဘုရားကျောင်း ထိပ်တန်းတပည့် ဂျင်ယွင်ရဲ့ ဆက်နွယ်မှု လက်နက်နဲ့ စိတ်ဝိဉာဉ်လက်နက်တွေက ဒီလောက် ကြောက်စရာ ကောင်းလိမ့်မယ်လို့ သူတို့ စိတ်မကူးမိပါဘူး။

ဂျင်ယွင်ကတော့ သူသာ သူ့ရဲ့ ဆက်နွယ်မှု လက်နက်နဲ့ စိတ်ဝိဉာဉ်လက်နက်တွေကို ဆင့်ခေါ်လိုက်မယ်ဆိုရင် ယန်ချီက ကြောက်လန့်သွားလိမ့်မယ်လို့ ထင်နေခဲ့တယ်။

သူက ဆက်နွယ်မှု လက်နက်နဲ့ စိတ်ဝိဉာဉ်လက်နက်တွေ ကို ဆင့်ခေါ်လိုက်ပြီးနောက် ယန်ချီရဲ့ မျက်နှာကို ချက်ချင်း ကြည့်လိုက်တယ်။

ဒါပေမယ့်လည်း ယန်ချီကတော့ ဘာတစ်ခုမှကို မမြင်သလို တည်ငြိမ်နေလိမ့်မယ်လို့ သူမမျှော်လင့်မိပါဘူး။

ဒီအမူအယာကြောင့် နဂါးဘုရားကျောင်း ထိပ်တန်းတပည့် ဂျင်ယွင်တစ်ယောက် မှင်သက်သွားခဲ့တယ်။

“ယန်ချီ မင်း မကြောက်သွားဘူးလား”

ဂျင်ယွင်က မဝံ့မရဲနဲ့ မေးလိုက်တယ်။

ရင်ပြင်မှာ ရှိနေသူတိုင်း အလွန်တရာကို နားမလည်နိုင်ဖြစ်သွားခဲ့ရတယ်။ နဂါးဘုရားကျောင်း ထိပ်တန်း တပည့် ဂျင်ယွင်ရဲ့ ဆက်နွယ်မှု လက်နက်နဲ့ စိတ်ဝိဉာဉ်လက်နက်တွေ ကို မြင်ပေမယ့်လည်း ယန်ချီက မကြောက်ရွံ့သွားပဲ တည်ငြိမ်နေလိမ့်မယ်လို့ သူတို့တွေ မထင်ခဲ့မိပါဘူး။

🐱🐱🐱🐱🐱

Godly Sword System
Chapter 722 ယန်ချီရဲ့ စိတ်ဝိဉာဉ်လက်နက်ကို မြင်ချင်တဲ့ ဂျင်ယွင်
Translated by Thura

ကောင်းကင်ဓါးဂိုဏ်းရင်ပြင်တစ်ခုလုံးက ယန်ချီရဲ့ မျက်နှာဘာကြောင့် မပြောင်းလဲပဲ တည်ငြိမ်နေတာကို သိသူက မုရွှယ်အာ တစ်ယောက်သာ ရှိပါတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now