ဒါပေမယ့်လည်း သူက ကျင့်စဉ်အဆင့်ကို ပြောလိုက်ပေမယ့်လည်း ယန်ချီရဲ့ အမူအယာကတော့ ပြောင်းလဲခြင်း မရှိပါဘူး။

“မင်း ..  မင်း မကြောက်ဖူးလား”

ဂျင်ယွင်က ယန်ချီကို အံ့သြတုန်လှုပ်စွာနဲ့ မေးလိုက်တယ်။

“အဆင့် ၇၁ စိတ်ဝိဉာဉ်သူတော်စင်အဆင့်တစ်ယောက်ပဲလေ။ ဘာများ ကြောက်စရာ ရှိလို့လဲ”

ယန်ချီက ဂျင်ယွင်ကို မထီတရီကြည့်ပြီး ပြောလိုက်တယ်။

တကယ်တော့ ရင်ပြင်မှာ ရှိနေတဲ့ သူတွေက သူတို့စကားဝိုင်းကို နားထောင်ပြီး သူတို့တွေက တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိလိုက်ကြတယ်။

သူတို့တွေ ယန်ချီတစ်ယောက် ပြီးခဲ့တဲ့ တစ်ကြိမ်တုန်းက ဟွမ်ဟွိုင်နဲ့ ရင်ဆိုင်ရစဉ်က မောက်မာပြခဲ့တယ်လို့ အစောပိုင်းမှာ တွေးထားခဲ့တယ်။

ဒါပေမယ့် အခု ကြည့်ရတာတော့ ယန်ချီက အမြဲတမ်း မောက်မာတက်တဲ့ သူဆိုတာ သိသွားကြတယ်။

“ယန်ချီ မင်း . .  မင်း .. ”

နဂါးဘုရားကျောင်း ထိပ်တန်း တပည့်ဖြစ်သူ ဂျင်ယွင်က ယန်ချီကို တစ်ခုခု ပြောချင်ပေမယ့်လည်း ယန်ချီက သူ စကားပြောဖို့ မပြီးခင်မှာပဲ ကြားဖြတ်ပြောလိုက်တယ်။ူ

ယန်ချီက ဂျင်ယွင်ကို မျက်လုံးမှေးကြည့်ပြီး ဖြေးညှင်းစွာ ပြောလိုက်တယ်။

“မင်းမှာ အဓိပ္ပါယ်မရှိတာတွေ ကျန်သေးတာလား”

ဒီစကားကို ကြားတော့ နဂါးဘုရားကျောင်းထိပ်တန်းတပည့်တဲ့ ဂျင်ယွင်က ယန်ချီရဲ့ မောက်မာမှုတွေကို ဘယ်လိုမှ သည်းမခံနိုင်တော့ပါဘူး။

“သေချင်နေတာပဲ”

ဂျင်ယွင်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးနောက် သူ့ရဲ့ ဆက်နွယ်မှု လက်နက်နဲ့ စိတ်ဝိဉာဉ်လက်နက်တွေကို ဆင့်ခေါ်လိုက်တယ်။

သူ့ရဲ့ ဆက်နွယ်မှု လက်နက်က ကောင်းကင်အဆင့် အလယ်အလတ် နဂါးဖမ်း ကျော့ကွင်းပါ။

စိတ်ဝိဉာဉ်လက်နက်တွေကတော့ မြေကမ္ဘာအဆင့် ငါးခုနဲ့ ကောင်းကင်အဆင့် သုံးခုပါ။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now