721 - 725

122 8 0
                                    


Godly Sword System
Chapter 721 ဂျင်ယွင်ရဲ့ ဆက်နွယ်မှုလက်နက်နဲ့ စိတ်ဝိဉာဉ်လက်နက်များ
Translated by Thura

နဂါးဘုရားကျောင်း ထိပ်တန်း တပည့်ဖြစ်သူ ဂျင်ယွင်က ယန်ချီကို တည်ငြိမ်စွာ ကြည့်လိုက်တယ်။

“ယန်ချီ မင်းက တကယ်ကို မောက်မာတာပဲ”

သူသာ မျက်ဝါးထင်ထင် မြင်ခဲ့တာ မဟုတ်ခဲ့ရင် ဒီလောကမှာ ယန်ချီလို လူမျိုး ရှိနေလိမ့်မယ်ဆိုတာ ယုံကြည်မှာ မဟုတ်ပါဘူး။

“မင်းက မင်းရဲ့ အမြင်နဲ့ ဆုံးဖြတ်လိုက်တာလား”

ယန်ချီက ဂျင်ယွင်ကို ပေါ့ပါးစွာ ကြည့်ပြီး မေးလိုက်တယ်။

“မင်းက ဘာကို ပြောချင်တာလဲ”

ဂျင်ယွင်က သူ့ရဲ့ ဒေါသတွေကို ဖိနှိပ်ပြီး ယန်ချီကို အလွန်တရာ ဒေါသထွက်စွာနဲ့ ကြည့်လိုက်တယ်။

“ဆိုလိုတာကတော့ မင်းက အချိန်တိုင်းကို မင်းရဲ့ အမြင်နဲ့ ဆုံးဖြတ်လို့ မရဘူး”

ဒီစကားကို ကြားတော့ ဂျင်ယွင်တစ်ယောက် ဒေါသတွေ တလိမ့်လိမ် ထွက်လာခဲ့တယ်။

“ယန်ချီ”

ယန်ချီက ၇ျင်ယွင်ကို ပေါ့ပါးစွာ ကြည့်ပြီး မေးလိုက်တယ်။ “မင်း ဒေါသ ထွက်နေတာလား”

တကယ်တမ်းလည်း နဂါးဘုရားကျောင်း ထိပ်တန်းတပည့်ဖြစ်သူ ဂျင်ယွင်တစ်ယောက်ဒေါသ ထွက်နေခဲ့တယ်။ သူက ဒေါသထွက်နေရုံမက ယန်ချီကို ရိုက်ပစ်ချင်နေခဲ့တယ်။

“မင်းဘာမှ ဒေါသ ထွက်စရာ မလိုပါဘူး။ မင်းက င့ါအရှေ့မှာတော့ ပုရွတ်ဆိတ်တစ်ကောင်ပဲ”

ယန်ချီက ဂျင်ယွင်ကို ဖြေးညှင်းစွာ ပြောလိုက်တယ်။

“ယန်ချီ ငါက အဆင့် ၇၁ စိတ်ဝိဉာဉ်သူတော်စင်ဆိုတာရော သိရဲ့လား”

နဂါးဘုရားကျောင်း ထိပ်တန်းတပည့်ဖြစ်သူ ဂျင်ယွင်ရဲ့ အမြင်အရ ယန်ချီက သူ့ရဲ့ ကျင့်စဉ်အဆင့်ကို မသိလို့ ဒီလို ပြောနေတယ်လို့ ထင်နေခဲ့တယ်။ ယန်ချီသာ သူ့ရဲ့ ကျင့်စဉ်အဆင့်ကိုသာ သိခဲ့မယ်ဆိုရင် ဒီလိုမျိုး မောက်မာရဲမှာ မဟုတ်ဘူးလို့ တွေးလိုက်မိတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now