ပြောပြီးတာနဲ့ စိုင်းမင်းခက ခွန်းခက်ပိုင် ရင်ခွင်ထဲကနေ ထွက်လိုက်ကာ ရေချိူးခန်းထဲဝင်သည်။ပြီးတာနဲ့ ကုတင်ထက် ဖြေးညှင်းစွာတက်လိုက်ပြီး ဖုန်းယူကာ အနားယူသည်။
တစ်ခဏအတွင်း ခွန်းခက်ပိုင်ကတော့ စားပွဲတွင် Desktop တစ်လုံးဖြင့် အလုပ်ရှုပ်သွားတော့သည်။
"ကိုကို အိပ်မယ်လေ"
"အင်း အိပ်နှင့်ကလေး"
"ကိုကိုကလဲ....."
စိုင်းမင်းခက ဝမ်းနည်းသည့်ပုံစံလေးနဲ့ပြောတော့
ခွန်းခက်ပိုင်က အလုပ်ကို လက်စသတ်ကာ
စိုင်းမင်းခနား ဝင်လှဲသည်။ခွန်းခက်ပိုင် ဝင်ရောက်တာနဲ့ စိုင်းမင်းခက ခွန်းခက်ပိုင်ရင်ခွင်မှာမျက်နှာအပ်သည်။"ဘဲကြီး....."
"ကိုကို့လို့ဘဲခေါ်ပါလို့ ပြောထားတာကို"
"ဟီး.....
ကျွန်တော်ဘာလို့ ကိုကို့ကို ဘဲကြီးလို့ခေါ်တာလဲသိလား""ဘာလို့လဲဗျာ ပြောပါအုန်း"
"ချစ်လို့"
"ဟော"
"တကယ်ပြောတာ ကိုကို့ ကိုအဲ့တုန်းက ဘယ်လိုခေါ်ရမလဲ အတန်တန်စဥ်းစားခဲ့သေးတာ အဲ့ချိန်မှာကိုယ့်ထက်လဲ အသက်ကြီးပြီး ကိုယ့်ထက်ရေလျှံတာကို သတိရသွားတာနဲ့ ကိုယ့်ကိုအမ်းမလားဆိုပြီး ဘဲကြီးလို့ခေါ်လိုက်တာ အခုလဲတကယ်အမ်းနေတာဘဲ"
စိုင်းမင်းခက စနောက်သလိုပြောပေမယ့်
ခွန်းခက်ပိုင် က စိုင်းမင်းခရဲ့ ဆံနွယ်လေးတွေကို
ဆော့ကစားရင်းတည်တည်ကြည်ကြည်ပြန်ဖြေသည်။"ကျေးဇူးတင်ပါတယ် ကလေးငယ်
အဲ့တည်းက ကိုယ့်ကိုရွေးပြီးချစ်ပေးခဲ့လို့
အဲ့တုန်းက ကိုယ့်ကို လက်မထပ်ဘဲ စေ့စပ်ပေးခဲ့လို့ အဲ့တုန်းကသာ လက်ထပ်ရင်အခုချိန်မှာ အရာအားလုံးက ပြောင်းပြန်ဖြစ်နေမယ်ထင်တယ်""ကျွန်တော်က ခွန်းခက်ပိုင်ဆိုတဲ့လူကို
ဘယ်လိုဖြစ်ဖြစ်လက်မလွှတ်ပါဘူး စေ့စပ်တာဖြစ်ဖြစ် လက်ထပ်တာဖြစ်ဖြစ် ဖျက်သိမ်းလဲ ကျွန်တော်ကတော့ ရအောင်လိုက်မှာ ဒါပေမယ့်
အိမ်ထောင်သည်ယောကျာ်းတစ်ယောက်ကိုတော့
မပစ်မှားမိအောင် ကိုယ့်ကိုကိုယ်နေ့တိုင်းစောင့်ထိန်းတယ်"
![](https://img.wattpad.com/cover/330777389-288-k479795.jpg)
Part 30(uni+zaw gyi)
Start from the beginning