Part 29(ZawGyi&Unicode)

Start from the beginning
                                    

"ကျွန်တော်က အစတည်းက ကိုကို့လူဘဲလေ"

"ဒီတစ်ခါတော့ ဒီတစ်ခါတော့ တကယ်
ကိုယ် ကလေးနားကနေမခွာတော့ဘူး ကိုယ်ကလေးကိုချစ်တယ် ကိုယ်တို့ စေ့စပ်ပြီးတဲ့အချိန်တည်းက ဟင်​့အင်း မဟုတ်သေးဘူး Uncle မိတ်ဆက်ပေးတည်းက စသဘောကျခဲ့ရတာ
ဒီဆံကေသာတွေကို ကိုယ် တကယ်မြတ်နိုးခဲ့ရတာ ကိုယ်......ကိုယ်တကယ်ကို မြတ်နိုးရပါတယ်ကလေးငယ် ကိုယ်ဆိုတဲ့ ခွန်းခက်ပိုင်က စိုင်းမင်းခ ဆိုတဲ့ကလေးငယ်ကို အသက်နဲ့ထပ်တူ မြတ်နိုးစွာ ချစ်ရပါတယ်"

ပြောပြီးတာနဲ့ ခွန်းခက်ပိုင်က စိုင်းမင်းခရဲ့ နဖူးပြင်လေးကို ခပ်ဖွဖွလေးနဲ့ ကြင်နာစွာ အနမ်းပေးသည်။စိုင်းမင်းခက ထိုအနမ်းခံယူရင်း ပြုံးမိသည်။လက်ချောင်းလေးတွေကတော့ သူသိပ်လွမ်းနေရတဲ့ သူ့ရှေ့ကလူရဲ့ မျက်နှာပေါ်မှာပင်။

"ကိုကို"

"ဗျာ"

"ကိုကို့အသက်က ၃၂ ကျွန်တော့်အသက်က
၂၃ ၁၀ နှစ်ကျော်လောက်ကွာဟတဲ့ Rs က ရေရှည်မှာအဆင်ပြေမယ်ထင်လားဟင်"

"ကိုယ် ကလေးကို ယုံတယ်"

"အင်း ကျွန်တော်ရောဘဲ"

*အသက်ရွယ်က အဓိက မှမဟုတ်ဘဲ
စိုင်းမင်းခဆိုတဲ့လူသားက ခွန်းခက်ပိုင်ဆိုတဲ့လူသားကလွဲရင် ကျန်တဲ့သူဆိုတာဘားမှမှမဟုတ်ဘဲ အသက်ရွယ်နည်းနည်းကြီး သူ့ထက် ပါးသိုင်းမွှေးနည်းနည်းလေးသာများရုံသာ။ဒါပေမယ့် ခွန်းခက်ပိုင်က နှုတ်ခမ်းမွှေးမရှိ။အမြဲရိတ်ထားတာကြောင့် တစ်ခါတစ်လေ အမွှေးနုနုလေးတွေသာ။သူကတော့ဘာဘဲ ဖြစ်စေဖြစ်စေ ခွန်းခက်ပိုင်ဆိုတဲ့လူသားနဲ့ပတ်သက်ကြည့် ဘာမဆိုအကုန်လက်ခံပြီးချစ်ဖို့အဆင်သင့်ပင်။*

"မနက်ဖြန် အင်တာဗျူးအတွက်က အဆင်သင့်ဘဲလား"

"ဟုတ်ကဲ့ကိုကို"

"ပြောရအုန်းမယ်
ကလေးက ဘယ်အပိုင်းမှာလုပ်ချင်တာလဲ
အဆင်ပြေမယ်ဆိုရင် ကိုယ့်အတွင်းရေးမှူးနေရာမှာလာလုပ်ပါလား လူလိုနေတာနဲ့အတော်ဘဲ"

"ဟမ်"

ခွန်းခက်ပိုင် ပြောတော့ စိုင်းမင်းခက ကြောင်အမ်းအမ်းလေးပင်။

ချစ်ခြင်းမျဥ်းပြိုင် (Complete)Where stories live. Discover now