Mafiaကတော်က အဆိပ်ပြင်းတယ် 5

Start from the beginning
                                    

" ပြန်ကြတာပေါ့ "

မဟာပြောပြီးအရှေ့ကနေသာအရင်ထွက်ခဲ့လိုက်တော့တယ် စိတ်ထဲမှာလဲ ဟိုကောင်လေးအကြောင်းဘဲစဉ်းစားနေမိတယ် စိတ်ဝင်စားဖို့ကောင်းတယ်

နေ့တစ်နေ့ရဲ့အစပြုရာ ‌ရှေ့တော်ပြေးနေရောင်ခြည်လေးက အခန်းထဲကအိပ်နေတဲ့လူသားလေးကို ကောင်းကောင်းကြီးပညာပြနေလေရဲ့ ကုတင်ပေါ်ကသက်ရှိလူသားလေး အနည်းငယ်လူးလွန့်လာလေပြီ

ကိုး အိပ်နေတုန်းမျက်နာပေါ်ကိုကျလာတဲ့နေရောင်ကြောင့် အိပ်‌ရေးမဝစွာနိုးထလာရတယ် စိတ်မကြည်မှု့ကြောင့်မျက်နာဟာလဲသုန်မှုန်ထားမိတယ် ကိုးစိတ်အတိုဆုံးက အိပ်ရေးဝဝမအိပ်ရတာရယ်
စားနေတဲ့မုန့်လာတောင်းစားတာရယ် အဲ့နှစ်ခုကအဓိကဘဲ ကျန်တာတော့ဒီလိုပါဘဲ ကိုးပြန်အိပ်မရမဲ့အတူတူအိပ်ရာကထပြီး ဟို‌ကောင်‌တွေနဲ့ချိန်းထားတဲ့စီသွားဖို့ပြင်ဆင်လိုက်တော့တယ်

အကုန်ပြင်ဆင်ပြီးတော့ ကိုး ကိုယ်လုံးပေါ်မှန်ရှေ့မှာရပ်ပြီးခေါင်းအစကိုယ်အဆုံး တစ်ကိုယ်လုံးလှည့်ပတ်ကြည့်လိုက်တယ် အကျီအမဲပြောင်လက်တိုနဲ့
လက်မောင်းကတတ်တူးများကလိုက်ဖတ်ညီစွာ
ဆံပင်ခဲ‌ရောင်‌လေးကိုလဲ အနည်းငယ်လှန်တင်ထားလိုက်တော့ ဆံပင်တစ်စနှစ်စလောက်က နဖူး‌ပေါ်ကျနေပုံကလူငယ်ဆန်စွာ နားတစ်ဖက်မှာလဲ အပေါက်3ပေါက်ကိုဖောက်ထားပြီး အောက်ဆုံးကအပေါက်ကို စိန်ပွင့်သေးသေးလေးပန်ထားပြီး အလယ်ကအပေါက်နဲ့အပေါ်ဆုံးကအပေါက်ကို ချိန်းကြိုး‌လေးနဲ့တွဲပြီး နှစ်ပေါက်လုံးကိုတွဲပန်ထားလိုက်တယ် အောက်ကတော့ဂျင်းအမဲ ဒူးပြဲကိုသာဝတ်ထားလိုက်တယ် အကုန်လုံးကိုခြုံငုံကြည့်လိုက်ရင်
မဟော်ကိုးနိုင်းသာဆိုတဲ့ကိုးကဂျစ်တစ်တစ်နဲ့ အဆိုးလေးတစ်ယောက်သာဖြစ်တယ် ကိုးအကုန်ပြင်ဆင်ပြီးတော့ ဘေဘီလေးတို့ထဲက နောက်ဆုံး‌ပေါ်ပြိုင်ကားအမဲလေးနဲ့ဟို‌ကောင်‌တွေချိန်းထားတဲ့နေရာသို့

မဟာ အကုန်ပြင်ဆင်ပြီးတာနှင့် company သွားဖို့အောက်ဆင်းခဲ့လိုက်တယ် မဟာအပြင်ဆင်က‌နေ့တိုင်းဝတ်နေကျ suitကို အောက်ခံအဖြူကို မှအပေါ်က ကုတ်နက်ပြာထပ်ဝတ်ထားပြီး အောက်ကstyle pant အပြာရောင်နှင့် ရှည်လျားတဲ့အရပ်နဲ့လိုက်ဖတ်ညီစွာ လက်မှာလဲ ဂဏန်းဘယ်နှလုံးလဲမရေတွက်နိုင်တဲ့ နာရီတစ်လုံးကိုပတ်ထားလျှက် ရှည်လျှားတြ့အရပ်နဲ့ ‌လှေကားတစ်ထစ်ချင်းစီကိုဆင်းလာပုံက စနစ်ကျစွာ

  Mafiaကတော်က အဆ်ိပ်ပြင်းတယ်Where stories live. Discover now