'' တော်ရုံအရည်အချင်းတော့ မဟုတ်ဘူးပဲ ''

ခွမ်း.....ချလွမ်.....

ခွက်ကကော်ဖီတွေကို တစ်ကြိုက်ထဲ
သောက်ချလိုက်ပြီးနောက် ဒေါသအပြည့်ဖြင့်
ခွက်အားနံရံဆီသို့ပစ်ပေါက်ချလိုက်လေ၏။

'' အမေ့....ဒေါက်...ဒေါက်တာ လန့်လိုက်တာ
ဘာစိတ်တိုစရာရှိလို့လဲ ငါတို့ရဲ့စိတ်ရှည်လွန်းတဲ့ဒေါက်တာကိုတောင်ဒီလိုဖြစ်စေတာ ''

'' အာ...ဆေးရုံအုပ် တောင်းပန်ပါတယ်
လန့်သွားမှာပဲ မလာပါနဲ့ ဖန်ကွဲစတွေစူးကုန်ပါ့
မယ် ကျွန်တော်ရှင်းလိုက်ပါ့မယ် ''

'' ဟုတ်ကဲ့....ဒါဆို ကျွန်မနောက်မှပဲလာပါ
တော့မယ် ''

ဆောင့်ကြွားကြွားနှင့်ပြန်ထွက်သွားသော
ဆေးရုံအုပ်ကိုကြည့်ရင်း ဒေါက်တာ
ဆန်းသစ်ဦးသက်ပြင်းချမိ၏။

မနေ့ကခိုးခံလိုက်ရသည့် လူနာတွေရဲ့ list မှာ
ဆေးရုံအုပ်ကထိပ်ဆုံးကဖြစ်၏။

အရင်ကတော့ လူတွေကိုကူညီနိုင်ဖို့ရာ
သူ့ရဲ့အရည်အချင်းနဲ့ကယ်နိုင်ဖို့ ဆေးပညာကို
လေ့လာဖြစ်ခဲ့တာပင်။
အခုတော့ ဘာမဟုတ်တဲ့ငွေဆိုတာအတွက်နဲ့
တနေ့နေ့ ထိပ်လန့်နေရတဲ့နေရတဲ့ဘဝကို
ဖြတ်သန်းနေရသည်။
ဖုံးကွယ်ထားလို့ရတဲ့လျှို့ဝှက်ချက်ဆိုတာ
မရှိဘူးပဲကိုး။
ဒါပေမယ့်....ဒီလောက်တောင်ကြာပြီးမှတော့
ဒီအတိုင်းရှေ့ဆက်ခွင့်ပေးမှပေါ့။

ဒါနဲ့......ဘယ်အချိန်ကတည်းက
ငါဒါကိုစတင်မိခဲ့တာများလဲ။

'' လွန်ခဲ့တဲ့ 17 နှစ်ကများလား..သာမန်နုံချာ
တဲ့ အလုပ်သင်ဆရာဝန်လေးကနေ
အခုလိုတောက်ပတဲ့ဘဝကိုရလာတဲ့
တကယ့်အကြောင်းအရင်းက ကြောက်စရာ
ကောင်းတဲ့အဲ့ဒီလူကိုခွဲစိတ်ပေးရာကနေ
စခဲ့တာပဲ ''

~~~~~~~~

@ အစ်ကို...တကယ်ပဲ အဲ့ဒီလူက ငါးစာမိပါ့
မလား

@မိမမိကတော့ ငါတို့ဆီမှာရှိတဲ့ အချက်အလက်တွေပေါ်ပဲမူတည်တာပေါ့

@ ဒါနဲ့လေ...အစ်ကို....ငါမပြောဖို့စဉ်းစားထား
ပေမယ့်..နင်တကယ်ပဲ လူတွေအာရုံစိုက်ခံရတာကိုကြိုက်တဲ့ type လား

The Operation of C.H.A.N.D.R.A ( Chapter 1 )Nơi câu chuyện tồn tại. Hãy khám phá bây giờ