အပိုင်း - ၅ (ယောက်ဖအလောင်းအလျာ)

Start from the beginning
                                    

သို့သော် အငယ်မရဲ့ စကားကို မယံုရဲ။

"ကေျာင်းဆရာ မှာ ညီမရှိတယ်ဆိုတာကိုတော့ ကြားမိပါရဲ့။ဒီလောက်ချောမယ်လို့ မထင်ထားတာ အမှန်ဗျို့။ကေျာင်းဆရာထက်တောင် ချောသေး လှသေးဗျ။"

မောင်နှမ နှစ်ယောက်ရဲ့ စကားဝိုင်းထဲသို့ ရယ်ကျဲကျဲ ဖြင့် ဝင်ရောက်လာသူကတော့ သကောင့်သားလေးပင်။

မြေွမြေွချင်း ခြေြမင်သူပမာ သူ သိလိုက်ပါပြီ။ထိုသကောင့်သား ဒီရက်ပိုင်း အပိုးကျိုးနေသည်မှာ သူ့ရဲ့ မဟာရန်သူတော် ချစ်ညီမကြောင့်ဆိုတာ။

"မဟုတ်တာ ကိုကြီးသက်ပိုင် ကလည်း။ကိုကို က ပိုခေျာပါတယ်။"

သက်ပိုင် ဆိုသော နာမကြောင့် ခန့်သူ ခဏလောက်ကြောင်အ သွားလေသည်။

နောက်မှ သကောင့်သားရဲ့နာမည် ြဖစ်ကြောင်းကို သဘောပေါက်သွားလေသည်။

နေပါဦး သကောင့်သားက သူ့နာမည်ကို သူ့ကို ပြောဖူးသလား။မပြောဖူးဘူးလား ဆိုတာ သူမမှတ်မိတော့။

သူ့စိတ်ထဲစွဲနေသည်မှာ ထိုလူအား သူပေးထားသော သကောင့်သားလေး ဟူသည့်နာမည်ပင်။

"ခန့်သူ!"

ထိုစဥ် ြခံဝင်းထဲဝင်ရောက်လာသော လူတစ်ယောက်ကြောင့် ခန့်သူ ရဲ့ စိတ်အစံုဟာ ထိုလူသားလေးအပေါ်တွင် အလံုးစံုရောက်ရှိသွားလေတော့သည်။

ထိုမိန်းမပျိုကလေးမှာ ငှက်ခါးရောင်မြန်မာဝမ်းဆက်ကလေးကို ဝတ်ဆင်ထားပြီး တင်ထိရှိသော ဆံနွယ်တေွအား ချည်ကွင်းလေးဖြင့် စည်းနှောင်ထားလေသည်။

"ကြည်ပြာ ဘယ်လိုလုပ်ပြီး။"

မျက်လံုးကြီးကျွတ်ကျမတတ်ဖြစ်နေသော ကျောင်းဆရာအား သက်ပိုင် တစ်ချက်ကြည့်လို်က်ကာ မဲ့ပြံုးပြံုးလိုက်လေသည်။

မြေွမြေွချင်းမို့ ခြေမြင်သည်လေ။

သို့သော် ယောက်ဖလောင်းလေးမို့ သူ သိပ်မပြောချင်ပေ။

ယခုကတည်းက အပိုးကျိုးထားရမည်မလား။

သူ့ညီမ ဆိုသူက သူနှင့် လားလားမှမဆိုင်။

မောင့်မဟေသီWhere stories live. Discover now