"ကျွန်တော် ခင်ဗျားကိုလွမ်းတယ်" ငါပြောရင်း ကျလာတဲ့မျက်ရည်တွေကို သုတ်ပစ်လိုက်သည်.. "ကျွန်တော့်ကို ကောင်းကင်ဘုံမှာစောင့်နေပါ" ထို့နောက် ငါပြန်လှည့်မကြည့်တော့ ထွက်လာလိုက်တော့သည်...

The End....

.....................

(T.N_ ပြီးတော့ပြီးသွားပြီပေါ့နော်... ကိုယ့်အနေနဲ့ပြောရရင် ဇာတ်သိမ်းကိုမကြိုက်ဘူး... ဆွဲစိထားသလို ပေါ့သလို ခံစားရတယ်... တစ်မျိုးကြီးပဲ... ဒါပေမဲ့လည်း စထားတာဆိုတော့ ပြီးအောင်တော့ ဘာသာပြန်ပေးလိုက်ပါတယ်)

Bye..... ဒီတစ်ခုပြီးသွားပြီဆိုတော့ ကျန်တာလေးတွေဘက် လှည့်လို့ရပါပြီ.....






Zawgyi

ထုံယန်က ဝမ်ရှုရဲ့ကလေးကို စွန့်ပစ်ချင်သော်လည်း ငါက ကလေးရဲ့ဦးလေးဖြစ်နေတဲ့အပြင် ကလေးက ဖြူစင်တာကြောင့် စောင့်ရှောက်ဖို့ ဆုံးဖြတ်လိုက်၏... ကလေးက သူ့အဖေနဲ့ရော အမေနဲ့ပါ မတူဖို့ ငါမျှော်လင့်တယ်...

နှစ်နှစ်ကြာပြီးနောက် ကမ္ဘာကြီးကို သူတို့ရဲ့ လူနေမှုဘဝအတွက် ပိုအသုံးဝင်မဲ့ပစ္စည်းတွေကို ငါပြုလုပ်ပေးခဲ့တယ်... တကယ်တော့ အချိန်ခရီးသွားစက်နဲ့ မအိုဆေးကို စဉ်းစားနေတာကြာပြီ...

ငါ ကမ္ဘာကြီးကို လှည့်ပတ်ခရီးထွက်ချင်ပေမဲ့ ဒီရှေးခတ်ကာလမှာ နေရတာလည်းပျော်တယ်... အခန်းထဲနေ အစေခံထွက်သွားပြီးနောက် ငါတစ်ယောက်တည်းကျန်ခဲ့၏...

ငါက တရားဝင် ၁၈နှစ်ပြည့်ပြီးဖြစ်ပြီး အခုက လက်ထပ်ထားတဲ့ သတို့သမီးအသစ်ဖြစ်သည်... ငါ့ခေါင်းပေါ်က ပဝါကိုဖယ်လိုက်ပြီး မှန်ရှေ့သွားကာ မျက်နှာချေအမှုန့်တွေကို ဖယ်ပစ်လိုက်၏... ထို့နောက် အခန်းတံခါးပွင့်လာပြီး ငါ့ခင်ပွန်းဖြစ်သူဝင်လာလေသည်....

သူအိပ်ရာပေါ်မှာ ထိုင်ချလိုက်ပြီး သူအဝတ်အစားချွတ်ဖို့ ငါကူညီပေးလိုက်သည်... သူက ငါ့အား သူ့ဘေးကိုဆွဲချကာ ငါ့လက်တွေကို ဆုပ်ကိုင်ထားလေ၏...

ငါ့နှဖူးအား ညင်သာစွာအနမ်းပေးပြီး ငါ့မျက်ဝန်းထဲကိုစိုက်ကြည့်လေသည်... ငါ့ပါးပေါ်က ဆံပင်လေးကိုသပ်ပေးကာ သူ့ရင်ခွင်ထဲ ဆွဲဖက်လိုက်တယ်... 

ငါ့ကိုပွေ့ဖက်ထားနိုင်မလား(ဘာသာပြန်)                          Where stories live. Discover now