"ဟုတ်ကဲ့ပါ...ဦးရီးတော်... ကျွန်တော် ဂုဏ်ယူစရာဖြစ်အောင်လုပ်မှာပါ" သူပြောကာ ငါ့ခြေရင်းကိုဦးညွှတ်လေသည်...

ထို့နောက် ငါ့ရဲ့ နဂါးဝတ်ရုံကိုချွတ်ကာ သူ့အပေါ်ခြုံပေးပြီး သူ့ကိုထစေလိုက်သည်... သူ့ကိုပလ္လင်ပေါ်လိုက်ပို့ပေးကာ ငါ့ရဲ့ နောက်ဆုံးဆုတောင်းကို ပြောလိုက်သည်... "အကုန်လုံးကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ချမ်းသာဝပြောအောင် အုပ်ချုပ်ပါ"

ငါသူ့ကိုဖက်ကာ နှုတ်ဆက်ပြီးနောက် မြင်းဆီပြန်လာလိုက်သည်... ထို့နောက် မြင်းပေါ်တက်ကာ အပြင်ထွက်လာလိုက်၏...

ရှင်းနန်းတော်အပြင်ဘက်မှာတော့ လူတစ်ယောက်က ငါ့ကိုစောင့်နေသည်.."အားလုံးအဆင်ပြေရဲ့လား" သူမေးလေ၏...

ငါပြုံးပြီးပြန်ဖြေလိုက်သည်... "အင်း... မိုးမရွာခင်သွားရအောင်"

ထိုနေ့ပြီးနောက် ငါ့ကို ဘယ်သူမှမမြင်တော့သလို ငါ့အကြောင်းဘယ်သူမှမကြားတော့ချေ... ငါ့ခင်ပွန်းနဲ့အတူ အခြားနိုင်ငံတွေလျှောက်သွားရင်း ငြိမ်းချမ်းတဲ့ဘဝကို ငါရနေပြီဖြစ်သည်...

တကယ်လည်း မအိုဆေးကို ငါတီထွင်ခဲ့ပြီး ငါက ၁၉-၂၀ ရုပ်ရည်လောက်ပဲဖြစ်နေကာ ငါ့ခင်ပွန်းကတော့ ၂၄-၂၅ လောက်အရွယ်သာရှိနေသည်..

ထိုဆေးနဲ့ပက်သက်ပြီးပြောရရင် အိုမင်းခြင်းရပ်တန့်သွားပေမဲ့ ဆိုးကျိုးအနေနဲ့ ပထမဆုံး ဆေးသောက်ပြီးပြီးချင်း ခြောက်လလောက်မှာ အားနည်းတာ အော့အန်တာတွေနဲ့ ကိုယ်အလေးချိန်ကျသွားတာတွေဖြစ်သည်...

ဆေးက တစ်သက်တာခံလေ၏... ပုံမှန်အားဖြင့် ငါတို့အိုမင်းမသွားဘူးဆိုပေမဲ့ နှစ်တိုင်း မွေးနေ့တွေကိုတော့ ငါတို့ကျင်းပလေ့ရှိသည်...

လက်ရှိမှာ နှစ်ပေါင်းများစွာကုန်လွန်ခဲ့ပြီဖြစ်ပြီး ငါဟာ နာမည်အမျိုးမျိုးနှင့် နေထိုင်ခဲ့သည်... 

ထုံယန်က ငါ့ဘေးမှာ သုံးရာစုလောက်အထိအတူရှိနေပြီး ညနေခင်းတစ်ခုမှာ မတော်တဆမှုဖြစ်ပြီး သေဆုံးသွားလေသည်...

ရဲ‌တွေပြောတာကတော့ ကားသမားတစ်ယောက်က သူ့ကိုတိုက်ပြီးမောင်းပြေးသွားတာဟုပင်... သူ့အုတ်ဂူဘေးမှာ ငါထိုင်ပြီး ပန်းစည်းကို အုတ်ဂူပေါ်တင်ပေးလိုက်သည်...

ငါ့ကိုပွေ့ဖက်ထားနိုင်မလား(ဘာသာပြန်)                          Where stories live. Discover now