ဖတ်စ်လည်းကျောင်းသားကတ်နဲ့ပဲ အခန်းထဲဝင်လာလိုက်ပြီး ပစ္စည်းတွေသိပ်မကျန်တော့သည့်စန္ဒယားအခန်းကြီးအားတစ်ချက်ဝေ့ကြည့်လိုက်မိသည်။

ထို့နောက် အခန်းထောင့်နားက စန္ဒယားတစ်လုံးစီယျှောက်သွားလိုက်ပြီး စန္ဒယားခုံမှာဝင်ထိုင်လိုက်ကာ လက်များအားစန္ဒယားပေါ်တင်လိုက်သော်လည်း လှုပ်ရှားဖို့တော့တုန့်ဆုတ်နေသေး၏။

"ဝမ်းနည်းနေတာလား"

တိတ်ဆိတ်နေသည့်အခန်းကြီးထဲပဲ့တင်သံထပ်လာသည့်အသံကြီးကြောင့် ဖတ်စ်လန့်ကာလက်များအားပြန်ရုတ်သိမ်းလိုက်မိသည်။

ထို့နောက်အသံလာရာလှည့်ကြည့်လိုက်တော့အခန်းဝတွင်ရပ်နေသည့် ဆတ်စ်ပင်။

"ဆတ်စ်.."

အရင်အသံတွေနှင့်မတူ..။ အသံဟာပျော့နေပြီးဝမ်းနည်းနေသည်မှာသိသာသည်။ ဆတ်စ်အားမျော်လင့်တကြီးမျက်ဝန်းတွေနှင့်ကြည့်လာသည်ကို ဆတ်စ်တစ်ယောက်အကြည့်လွဲလိုက်ပြီး ဖတ်စ်စီယျှောက်သွားကာ

"ဘာလို့မတီးတာလဲ"

ဆတ်စ်အမေးအားပြန်မဖြေပဲ အရှေ့သို့သာပြန်လှည့်သွားပြီး စန္ဒယားက ကီးတွေအားကြည့်နေ၏။

ခနလောက်အကြာမှ

"အိုက်ဆတ်စ်...မင်းတကယ် ဒီကလပ်ကိုကယ်နိုင်မှာလား"

"မင်းဘယ်လိုထင်လဲ"

ဆတ်စ်အမေးကြောင့် ဖတ်စ်တစ်ယောက်ဒုတိယအကြိမ်ပြန်လည်တိတ်ဆိတ်သွားပြန်၏။

"မင်းဒီကလပ်ကိုတော်တော်ကြိုက်မှန်းငါသိပါတယ်...ဒါပေမဲ့အခြေအနေတွေအရပေါ့ကွာ"

"ငါဒီကလပ်ကိုကြိုက်တာ....ဒီကလပ်ကိုစလုပ်ခဲ့တာ ငါ့အဖေမို့လို့"

ဒီတစ်လာတိတ်ဆိတ်သွားသည်မှာ ဆတ်စ်ပင်။

"ငါ့အဖေက စန္ဒယားတီးရတာအရမ်းကြိုက်တယ်...ငါ့ကိုငယ်ငယ်ကစန္ဒယားတီးပြီးချော့သိပ်နေကျ။ ပြီးတော့သူက သူတည်ထောင်ခဲ့တဲ့ဒီစန္ဒယားကလပ်ကိုလည်းအရမ်းမြတ်နိုးတယ်။ ဒါကြောင့်....ငါ့အဖေမြတ်နိုးတဲ့ဒီစန္ဒယားကလပ်လေးကို ငါကာကွယ်ပေးချင်ရုံပါ။ ငါ့အဖေသာရှိရင်လည်း ဒီလိုလုပ်မှာပဲ"

The end of the love story (uni/zaw) (perthchimon)Where stories live. Discover now