''မပူနဲ့ ဒီကနေ တခန်းကျော်ရင် ကျောင်းဆေးပေးခန်း ရှိတယ် ။ စိတ်မပူပဲ နင်သာ လာလာမရှုပ်နဲ့ ။''
"တောက် .....တသက်လုံး ဆော် မရမဲ့လူ။''
ရှူးဖိနပ်ကို တဒေါက်ဒေါက်မြည်အောင် လျှောက်သွားသော ထိုမိန်းကလေးမှာ လွင်ကြီးကို မေတ္တာပါ ပို့သသွားသေးသည်။ရည်းစားရချင်ရ မရချင်နေ ကိုလွင်ကြီး ဂရုမစိုက်ပေါင် မင်းမရှိလဲဖြစ်တယ် အချစ်ရဲ့ ကိုယ့်မှာ အမေနဲ့မန်ယူရှိတယ်။
"ငါတို့ မေဂျာတော့ ဒီနှစ် နာမည်ကြီးပြီဟေ့ ။ကောင်ချောလေး နှစ်ယောက်ပါတော့ ငါတို့မေဂျာဘဲ အားပေးစကြမ်းတော့မယ်ထင်တယ်။နှစ်ယောက်သား ရူပကာက ဂေါ့ကြီး ရော်နယ်ဒိုတောင် ရူးခါသွားရမယ်ဟေ့။''
လွင်ကြီး ဟာသနှောကာ အားပါးတရ အော်ပြောလိုက်သောအခါ အနောက်က တဝိုးဝိုးတွေနဲ့ ဟာမိုနီ လိုက်လာကြသည်။
"မှဲ့လေးနဲ့တစ်ယောက် အစမ်းလာကန်ကြည့်။လာ မင်းက ကိုယ်လုံးကိုယ်ပေါက်တောင့်ပြီး အပြေးသန်တယ်။ကန်တာ အဆင်ပြေမပြေကြည့်မယ်။''
သေချာပေါက် 'ဗစ်တာ့' ကို ခေါ်ခြင်းဖြစ်သည်။သူ့နာမည်အား မမှတ်မိသော အမဲကောင် ကို စိတ်ကောက်ချင်လာသည်မှာ ကိုယ်မှားလား။မနေ့က နာမည် လှတယ် ဘာညာပြောပြီးတော့။
ဘောလုံးကို သူ့ရှေ့ သုံးတောင်လောက်မှာ ထားပြီး အရှိန်ယူလိုက်ကာ ခြေထောက်ကို အားစိုက်ထည့်ပြီး ဂိုးပေါက်ရှိရာ ကန်လိုက်သည်။
အရှိန်တော့ အတော်ပြင်းပေမဲ့ ဂိုး မ၀င်ပါ။ဂိုးပေါက် အပေါ်တန်း တည့်တည့် အားပြင်းပြင်းနဲ့ သွားမှန်သည်။
''ကိုလွင်ကြီး သူ့ကို အနောက်တန်းကနေ ကန်တင် တဲ့အပိုင်းမှာ ထရိန်း ရင်ရော ဘယ်လိုမြင်လဲ ။''
''အင်း 'ဒေါင်း' မင်းပြောသလိုဘဲ ကန်တာအားပြင်းပြီး အာရုံစိုက်နိုင်တယ် ။ ဟုတ်ပြီ သူ့ကိုနောက်တန်းထည့်မယ်။''
ဒီလိုနှင့် ကျွန်တော် 'အညိုရောင်လေး'တို့ဘောလုံး Teamက နောက်တန်းမှာ အရံကစားသမားအဖြစ်ညနေအတန်းပြီးချိန်တိုင်းတွင် ထရိန်နင် စဆင်းလာရတော့မည်။
Zawgyi (6)
Start from the beginning