“ဝှစ် ”

ရုတ်တရက်သူတို့အားလုံးက လေခွင်းသံ တစ်ခုကို ကြားလိုက်ရတယ်။

သူတို့အရှေ့မှာ ရှိနေတဲ ယန်ချီက ပျောက်ကွယ်သွားခဲ့ပါပြီ။

ယန်ချီက လက်ထဲမှာ အေးစက်စက် အလင်းတွေကို ထုတ်လွှတ်နေတဲ့ ဓါးတစ်ချောင်းကို ကိုင်ပြီး နတ်ဆိုးသားရဲတွေအရှေ့မှာ ပြန်ပေါ်လာခဲ့တယ်။

ယန်ချီလက်ထဲက ဓါးပေါ်မှာလည်း အနီရောင် သုံးကွင်းပါရှိနေခဲ့တယ်။

ဒီအချိန်မှာတော့ ယန်ချီက လေထဲမှာ နတ်ဆိုးဘုရင်တပါး အလား ဝင့်ကြွားစွာ ရပ်တည်နေခဲ့တယ်။

“ဟူး. . . ”

အပြင်ဖက်ခံစစ်တံတိုင်းပေါ်က လူတိုင်းကတော့ ယန်ချီရဲ့ လက်ထဲက ဓါးကို ကြည့်ပြီး ပင့်သက်ရှိုက်မိလိုက်ကြတယ်။

“ကောင်းကင်အဆင့် အဆင့်မြင့် ဆက်နွယ်မှု လက်နက်. . . . .”

သူတို့အားလုံးက ယန်ချီအနေနဲ့ ကောင်းကင်အဆင့် အဆင့်မြင့် ဆက်နွယ်မှု လက်နက်ကို ပိုင်ဆိုင်ထားလိမ့်မယ်လို့ မထင်မိကြပါဘူး။

မုရွှယ်အာလည်းပဲ အံ့သြတုန်လှုပ်နေခဲ့တယ်။

တကယ်တော့ သူမလည်း ယန်ချီမှာ ကောင်းကင်အဆင့် အဆင့်မြင့် ဆက်နွယ်မှု လက်နက် ရှိလိမ့်မယ်လို့ မတွေးမိထားပါဘူး။

ဒီမြင်ကွင်းကြောင့် အပြင်ဖက် ခံစစ်တံတိုင်းပေါ်မှာ ရှိနေတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ စိတ်ဝိဉာဉ်ပညာရှင်တွေအားလုံး လုံးဝကို အံ့အားသင့်သွားကြတယ်။

ဘာကြောင့်လဲဆိုတော့ သူတို့အားလုံးက ယန်ချီကိုင်ထားတဲ့ ဓါးကို ကြည့်ပြီး ဘယ်လိုမှ အသက်ရှင် လွှတ်မြောက်ခွင့် မရှိတော့ဘူးလို့ ခံစားမိတာကြောင့်ပါ။

ယန်ချီရဲ့လက်ထဲမှာ ကိုင်ထားတဲ့ ဓါးက ဘယ်လောက်ထိ အစွမ်းထက်လဲဆိုတာ ဘယ်သူမှ မမှန်းဆနိုင်ပါဘူး။

“လူသား. . .”

မူလအဆင့် အဆင့် ရှစ် နတ်ဆိုးသားရဲ သုံးကောင်က လေထဲမှာ ဝဲလွင့်နေတဲ့ ယန်ချီကို စူးစိုက်ကြည့်ပြီး ပြောလိုက်တယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now