အခန်း 16

Start from the beginning
                                    

"အိုးးအဲလိုမဟုတ်ပါဘူး လူကြီးချင်းကစီးပွားဖက်တွေဆိုတော့ တို့ လူငယ်တွေချင်းသိထားသင့်တယ်လေ မဟုတ်ဘူးလား"

ဝိုင်းထဲတွင် ချမ်းအပါအဝင် အမျိူးသားသုံးယောက်ရှိသေးသည်မို့ ထိုကောင်မလေးက ရှက်ဟန်ဆောင်ကာငြင်းသည်။

"ခစ်..ခစ် ဟုတ်ပါပြီ..ဟုတ်ပါပြီ"

ဒါလီက သူငယ်ချင်းအကြောင်းသိစွာရယ်ရင်းခေါင်းငြိမ့်သည်။

ချမ်း သဝန်တိုမိပေမဲ့ ဘာမှမတတ်နိုင်။မောင်က ထိုကောင်မလေးလို လှလှပပ‌မိန်းကလေးတစ်ယောက်ကို သဘောကျသွားမည်ဆိုရင်တောင် ချမ်း ဘာတတ်နိုင်မှာလည်း။တစ်သက်လုံး အသည်းကွဲပြီးကျန်နေရုံပဲရှိသည်။ ချမ်း သက်ပျင်းလေးချကာ မောင့်ကိုတိတ်တဆိတ်ပြန် ကြည့်နေမိသည်။

"အားလုံးပဲ..မဂ်လာပါ..ကျွန်တော်က နေမင်းတာရာပါ အားလုံးသိထားကြတဲ့အတိုင်း အဘွားရဲ့မြေးပါ..ဒီည ဒီနေရာမှာလူကြီးမင်းတို့ကိုတွေ့ဆုံခွင့်ရတဲ့ အတွက်ဝမ်းသာမိပါတယ်..နောက်ထပ်လည်း တွေ့ဆုံခွင့်ရမယ်လို့ မျှော်လင့်ပါတယ်..ကျေးဇူးပါ"

နေက အဘွားဖြစ်သူပြောခိုင်းထားသည့်အတိုင်းပြောပြီးနောက် လက်ခုပ်သံတွေတဖြောင်းဖြောင်းထွက်ပေါ်လာသည်။

"ဒီကောင်လေးက သူ့အဖေ ဦးနေစစ်နဲ့တစ်ပုံစံတည်းပဲနော်"

"ဟုတ်တယ်..ကြည့်ပါအုံး သန့်သန့်ပြန့်ပြန့် တကယ့်လူချောလေး မင်းသားလုပ်သင့်တယ်"

"ကြည့်ရတာ တော်တော်ငယ်အုံးမဲ့ပုံပဲ"

"ဆယ့်ကိုးနှစ်ပဲ ရှိသေးတာဆိုပဲ"

"ဒီအရွယ်အထိ ဘယ်လိုပုံစံနဲ့ရှင်သန်ကြီးပျင်းလာရလဲ..သေချာမသိဘူး....ဥက္ကဌက ဒီကောင်လေးကို ဆက်ခံသူအဖြစ် ရွေးချင်နေတာတော့မဟုတ်ပါဘူးနော်"

"မဖြစ်နိုင်တာ!The Sunကို ဒီလိုလူလက်ထဲ လက်လွှတ်စပယ်ဘယ်ထိုးထည့်လို့ဖြစ်မလဲ"

နေနဲ့ပတ်သက်ပြီး ဝေဖန်သံတွေ အမျိူးမျိူးတီးတိုးထွက်ပေါ်လာသည်။

"ကဲ..အားလုံးပဲ သုံးဆောင်ကြပါအုံး...လိုအပ်တာရှိရင် အားမနာကြပါနဲ့နော် waiterလေးတွေဆီ မှာလို့ရပါတယ်"

Falling In Love With My Husband.Where stories live. Discover now