"စေ့စပ်မှုဖျက်သိမ်းတာကို လက်မှတ်ထိုးပြီး
အခုသူများအိမ်မှာနေပြီးတော့ ကျောင်းတက်နေတယ်ပေါ့ ""ကျွန်တော့်ကိစ္စပါ"
"ဟားဟားးးဟုတ်ပါပြီကွာ
ဒါနဲ့ မေးစရာရှိတယ် ကလေး""ဘာလဲ "
"ကိုယ့်ကိုချစ်သေးရဲ့လား"
"ဟင်"
နံရံကိုလက်ထောက်ကာ နှစ်ကိုယ်ကြားမေးလာတဲ့စကား။အသက်ရှုသံပြင်းပြင်းက စိုင်းမင်းခ လည်ပင်းဆီ ရိုက်ခတ်လို့နေသည်။ရထားသံ
ဆူညံညံနဲ့အတူ ထွက်လာတဲ့ စကားလုံးက 'ဟင်' တစ်လုံးသာ။သူဘားမှဖြေချိန်မရလိုက်ပေမယ့် ခွန်းခက်ပိုင်ကတော့ သူ့ပုခုံးထက်ကို မှီကာစကားတွေပြောလာတော့သည်။
"အဟက် ကိုယ်ဘာတွေမေးနေမိပါလိမ့်နော်
ကိုယ့်ကိုမုန်းတယ်တောင်ပြောထားတာကို မေ့လျော့သွားတယ် ကိုယ့်ကိုချစ်ရတာ ပင်ပန်းတယ်မဟုတ်လား ဒါပေမယ့် ဘယ်လိုလုပ်မလဲ စိုင်း မင်းဘက်ကလက်လွှတ်ဖို့တွေးထားရင်တောင် ကိုယ့်ဘက်က အဆုံးထိ ကပ်တွယ်နေမိတော့မှာ""ကိုကို"
"ကိုယ်တော့ မင်းကို ချစ်မိနေပြီ ထင်တယ် စိုင်း"
"ဗျာ"
"ကိုယ့်ကလေး က ကျောင်းအကျီ်လေးနဲ့လဲ
တကယ်လိုက်ဖက်တာဘဲ"ခွန်းခက်ပိုင် စကားလမ်းကြောင်းလွှဲလိုက်တော့
စိုင်းမင်းခ က ခွန်းခက်ပိုင် လက်တွေကို ပုခုံးပေါ်ကနေဖြုတ်လိုက်တော့သည်။"ကိုကိုအခုဘာပြောနေလဲဆိုတာကိုကိုသိလား
ကိုကိုကအခု မကြာခင် လက်ထပ်ရတော့မယ်သူတစ်ယောက် ဟိုဘက်က မိန်းကလေးကလဲ ပညာရော အရည်ချင်းရော အဆင့်တန်းရော အကုန်လုံး ကိုကိုနဲ့လိုက်ဖက်တဲ့သူတစ်ယောက်
အဲ့လိုမိန်းကလေးရှိနေတဲ့အချိန်မှာ ကိုကိုက
ကျွန်တော့်ဆီကို စိတ်ယိုင်နေတာလား""ကိုယ် သူနဲ့လက်မထပ်ဘူး"
"ကိုကို့ Daddy ကို ဘယ်တုန်းကများ ကိုကိုလွန်ဆန်ခဲ့လို့လဲ"
"စိုင်း "
"ကျွန်တော်ပြန်မယ် ဒီတိုင်း
မျက်နှာမြင်ချင်လို့သာ လာခဲ့တာ
ပြန်ခွင့်ပြုပါအုန်း "
Part 26 (Uni+ZawGyi)
Beginne am Anfang