အပိုင်း(၄၀)

Start from the beginning
                                    

"ဟလို..."

"ယမကာဂမုန်း... ဟုတ်တယ်မလား.."

"ဟုတ်တယ်... သယ်သူလဲမသိဘူး.."

"ဟင်းးးးးကိုယ် ဟိန်းစိုးပါ.."

ဂမုန်း ဖုန်းကို တစ်ချက်ပြန်ကြည့်လိုက်မိသည်။
ဟိန်းစိုးက သူ့ဖုန်းနံပါတ်ဘယ်ကရတာလဲ။
အခုကကောဘာလို့သူ့ကိုဆတ်တာလည်း။
ဂမုန်း မျက်ခုံးနှစ်ခုကိုတွန့်ချိုးကာ လေသံကိုနှစ်ဆမြှင့်လိုက်တယ်.."

"ဘာလိုငါ့ကို ဖုန်းဆတ်တာလဲီးကောင်...မင်းဟာယောကျ်ားတန်မဲ့ တကယ်စောက်ရှက်မရှိဘူးနော်..."

"ဟက်!!...အစွာလေး ဖြေးဖြေးဆဲမှပေါ့...မောနေပါဦးမယ်...ကိုယ်အရမ်းအရေးကြီးတဲ့အပေးအယူတစ်ခုလောက်လုပ်ချင်လို့..."

"အပေးအယူ..!!"

ဂမုန်း နှုတ်ဖျားမှသံယောင်လိုက်မိသည်။
ဟိန်းစိုး ဆိုတဲ့ကောင်က ကောင်းသောအရာမဟုတ်။
ဘာတွေများယုတ်မာဦးမလို့လဲ..။

" မင်းအရမ်းချစ်ရတဲ့လူတစ်ယောက် ကိုယ်ထိန်းသိမ်းထားတယ်...နေရာက ရွာအစွန်းပိုင်းနားက စပါးတွေထားတဲ့သိုလှောင်ရုံအဟောင်းထဲမှာ..အဲ့ဒါ လာရွေးဖို့ ပစ္စည်းကတော့ မင်းကိုယ်တိုင်ပဲ ယမကာ.."

"ဘာ...!"

"မင်း...မင်း...ဘာယုတ်မာမလို့..တီ...!!"

ဖုန်းချသွားသည်။
ဂမုန်းအံကိုတင်းကျိတ်ပြီး မောင့်ဆီဖုန်းဆတ်သည်။
တုန်ရီနေတဲ့ လက်တစ်စုံက 'မောင်'ဟူသောနံပါတ်လေးကိုဖိနှိပ်လိုက်တယ်..။

*မိတ်ဆွေခေါ်ဆိုနေသော တယ်လီဖုန်းမှာ မအားသေးပါရှင်..*

ဟာ!! ဘာလဲကွာ...မောင်ရာ ဖုန်းကိုင်စမ်းပါ။
ငါရင်တွေပူလွန်းလို့ပါ။
ဖုန်းကိုင်ပါ မောင်ရာ။
ဂမုန်းနောက်တစ်ကြိမ် ထပ်ပြီးဆတ်ကြည့်သည်။
ရလဒ်က အရင်အတိုင်းပင်။
မဖြစ်ဘူး... မောင်ကိုလိုက်ရှာကြည့်ရမယ်။
ပုဆိုးကို အလောသုံးဆယ်ဝတ်ပြီး ဂမုန်းမောင်ရှိလောက်မည့် နေရာတွေကိုအကုန်ပတ်ရှာသည်။
သို့သော်...မောင့်၏အရိပ်အယောင်ကိုမမြင်ရချေ။
နောက်ဆုံးကျန်သည့်နေရာတစ်ခုသာရှိတော့သည်။
မောင့်ရှိနေပါစေဟုသာ အကြိမ်ကြိမ်ဆုတောင်းပြီး ဂမုန်း လယ်စောင့်တဲလေးထဲအပြေးဝင်ရှာသည်။

ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete) Where stories live. Discover now