အပိုင်း(၄၀)

Start from the beginning
                                    

စိုးစိုးကသူ့၏ဆံပင်များကိုတဗြင်းဗြင်းဆွဲကုပ်ကာ စိတ်ပျက်သလိုဆိုသည်။
ခင်ထားသည်စိုးစိုး လုပ်နေသည့်အရာတွေကြည့်ပြီး အူနှိပ်ကာရယ်သည်။
တကယ်ပါ... စိုးစိုးအခုထိအမှတ်မရှိသေးချေ။
တလောကလည်း ဖူးစာရှင်မြင်ချင်တယ်ဆိုပြီး ဂမုန်း စျေးသွားတော့အတူလိုက်သွားပြီး ထိုစျေးဆိုင်တွင်မှောက်ထားသည့်မှန်တစ်ချပ်ကို ဝယ်ပြီးပြန်လာသည်။
ထိုနောက် လပြည့်ညရောက်တော့ မနက်၁၂နာရီထိုးတိတိကြီးထကာ အိမ်ရှေ့ကတံခါးပေါက်မှ နောက်ခိုင်းကာ မှန်ကိုထောင်
ကြည့်သည်။

အားလုံးလည်းအိပ်ပျော်နေသည့်အချိန်မို့ စိုးစိုး၏ငယ်သံပါအောင်အော်သံကြားမှ အားလုံးလန့်နိုးကုန်ကြသည်။
ဖူးစာရှင်မမြင်ပဲ သရဲနဲ့ညားနေမယ့် အဖြစ်မို့ စိုးစိုး အဲ့လိုမစမ်းသတ်တော့ချေ။
အခုလည်း နတ်တွေနဲ့ဘာတွေပြောနေသည့်မသိ။
နတ်ကိုင်တာတော့ ခံရတော့မယ် စိုးစိုးရေ။

"စိုးစိုးရယ် အင်တာနတ်ခေတ်ကြီးမှာ လိုင်းပေါ်ကနေရည်းစားလေးဘာလေးထားကြည်ပါလား...နင်ဒီလိုကြီးလိုပ်လုပ်နေတော့ ဘာတစ်ခုမှလည်းထူးတာမဟုတ်ဘူး.."

ခင်ထားကအကြံပေးသည်။
စိုးစိုး မဲ့ကာရွှဲ့ကာဖြင့်...။

"အိုတော်...လိုင်းပေါ်မှာလည်းကျုပ်ရှာကြည့်ပြီးပါပြီ ရုပ်ချောတဲ့အဆင်တွေမှန်သမျှအကုန်လင်တွေနဲ့...ကျုပ်လိုတောသူမကိုဘယ်သူက တွဲချင်မှာလည်း..."

စိုးစိုးပြောတာလည်း မှန်နေသည်မို့ ခင်ထားနဲ့မြရီလည်းဘာမှဆတ်မပြောတော့ချေ။
တကယ်ပါ...ဒီအရူးကောင်လေးကပြောလို့ကိုမရဘူး။
ဟူးးးးးးးမြ ရေ ခင့်ရဲ့ခဲအိုအရူးလေးကို လင်မြန်မြန်ရပါစေလို့ ဆုတောင်းပေးပါတယ် ကွာ..။

________________••••••••••______________

"တီ....တီ....တီ...."

အိမ်ကခြံပေါက်နွားနှစ်ကောင်ဖြစ်တဲ့ မိဖြူနဲ့မိပြာ ကိုအစာစဥ်းကျွေးနေတုန်း ဘေးရှိသစ်တုံးပေါ်တွင် တင်ထားသောဖုန်းလေးမှအသံဝင်လာသည်။
ဂမုန်းလည်း မြက်စည်းကိုပစ်ချပြီး ကောက်ကိုင်လိုက်တယ်။
ဖုန်းစိမ်းတစ်ခုပဲ။
ဂမုန်း လည်းဇဝေဇဝါဖြင့်... ။

ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete) Where stories live. Discover now