အပိုင်း(၇၇)

Start from the beginning
                                    

သူမက သူမသူငယ်ချင်း၏အနွေးဓာတ်အကာအကွယ်အောက်မှာရှိနေစဉ် သူကတော့ ဘေးမှာ ဘယ်သူမှမရှိပဲ အဖြူရောင် ဥယျာဉ်ထဲ၌ တစ်ယောက်ထဲ ပိတ်မိနေလေသည်

အက်စတယ်လာပြောသလို လုရှန် ပိတ်မိနေတဲ့ အတားအဆီးက နတ်ဆိုးစွမ်းအားကိုဖိနှိပ်ရင်း လူတွေကို ကုသပေးတဲ့စွမ်းအားရှိသည် လုရှန် အတားအဆီးထဲ ငြိမ်ငြိမ်နေပါက ဗိုက်ဆာသလိုခံစားရမှာမဟုတ်သလို အေးတာလဲ ခံစားရမှာမဟုတ်ပေ ဒါကြောင့် သူမ ဒီအကြောင်းနဲ့ပတ်သတ်ပြီး စိတ်ပူစရာမလိုပေ သို့သော်လည်း လုရှန်အကြောင်းတွေးလိုက်တာနဲ့ သူမ ရူးသွားမလို ခံစားရသည်

'ဒီလိုနေရာမျိုးမှာ အတားအဆီးလုပ်ဖို့ ငါ ဘာလို့ အကြံပေးခဲ့မိတာလဲ အတားအဆီးကို သူ့အိပ်ခန်း လုပ်ခဲ့ရင် ကောင်းသား အရသာရှိတဲ့မုန့်တွေနဲ့ စာအုပ်တွေ သူရဲ့ အမွေးဖွာ အိပ်ရာ‌ပေါ်မှာသာ ရှိနေရင် လုရှန်လဲ stressတော့ လျော့သွားမှာပဲ'

စိတ်ပူနေသလိုမျက်နှာနှင့် နှုတ်ခမ်းကိုကိုက်ရင်း ကားလစ်ကို ကြည့်လိုက်သည်

ကားလစ်က အက်စတယ်လာအပေါ် အရှက်မရှိ လှည့်ကွက်တွေသုံးနေလေသည်

"အက်စတယ်လာ ကိုယ်လဲ အေးတာပဲလေ"

"ရှင့် နွေးသွားအောင် ကျွန်မ စွမ်းအားကို သုံးစေချင်တာလား"

"ကိုယ်ပြောချင်တာက မင်းရဲ့ စွမ်းအားကို မသုံးစေချင်ဘူး မင်းကို ဒုက္ခမပေးချင်ဘူး"

ထို့နောက် အက်စတယ်လာကို လက်နှစ်ဖက်နှင့် သူ့ဆီ ဆွဲလိုက်ပြီး လက်မောင်းတွေထဲ သူမအား တင်းကြပ်စွာဖက်လိုက်သည်

"ကိုယ်က ဒါမျိုးလုပ်ချင်တာ"

"ကား ကားလစ်!"

.... what the... သူလုပ်တာတော့ ဟုတ်နေတာပဲ

သူမှာ အချိန်ရှိရင် ဒီလိုမျိုးတွေ လုပ်တာကြောင့် သူမကဝော့ာ ထူးပြီး မအံဩပေ

"အရှင်မင်းသား"

"ဘာလဲ"

"ကျွန်မမှာမေးခွန်းတစ်ခုရှိတယ် တကယ်လို့ ရှင့်တကယ်ချစ်တဲ့ ဒီအမျိုးသမီးက ရှင့်ကိုမကြိုက်ဘူးပြောပြီး ရှင့်ကို တနေရာရာမှာ ဖမ်းချုပ်ထားရင်... ရှင် သူမကို အဲ့ကိစ္စကြောင့် မုန်းမှာလား"

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now