Start of something new

677 52 1
                                    

အချစ်ဆိုသော အရာကို အင်မတန်ပင် သိမ်မွေ့နက်ရှိုင်းသော အရာဟု ပင် ဟာအိုစိတ်ထဲတွင် မှတ်ထင်ထားခဲ့လေသည်။
ကိုရီးယားသို့ မိသားစုလိုက် ပြောင်းရွှေ့လာခဲ့သော တရုတ်ကလေး ကျန်းဟာအို အတွက်တော့ အချစ်ဟူသည်မှာ အစိမ်းသက်သက် အရာတော့ မဟုတ်ပင်။
စပြောင်းလာခါစ အထက်တန်း ဒုတိယနှစ်မှပင် စ၍ ဟာအို၏ အေးစက်စက်မျက်ဝန်းများတွင် နစ်မြောခဲ့ရသော ကောင်မလေးများက လက်ချိုး၍ပင် မရေတွက်နိုင်ပေ။
သို့သော် ထိုအချစ်များသည် တစ်ဖက်သက်သာ ဖြစ်သည်။ တစ်နည်းဆိုရလျှင်မူ ဟာအိုက မည်သူ့အချစ်ကိုမှ တုံ့ပြန်ခဲ့ခြင်းမရှိခဲ့သလို ဟာအို့ဘက်မှလည်း မည်သူတစ်ဦးတစ်ယောက်ကိုမှ အချစ်ဟူသော ခံစားချက် မရှိခဲ့ခြင်းပင်ဖြစ်လေသည်။

အချစ်ဟူသည် ပျော်မွေ့ဖွယ်ကောင်းသည်ဟု တချို့က ဆိုကြလေသည်။တချို့ကတော့ ခါးသက်မှုနှင့် ဒွန်တွဲနေမှ အချစ်ဟု ဆိုကြပြန်သည်။ထိုသို့သော မျိုးစုံ အဓိပ္ပာယ်ဖွင့်ကြသော အချစ်သည် ဟာအို့ထံသို့ မထင်မှတ်ထားသော တစ်ရက်တွင် နူးညံ့သိမ်မွေ့စွာ ရောက်ရှိလာတော့သည်။

..............

"ဟာအို...ငါတို့ စကားပြောလာတာလည်း ကြာပြီလေ..အပြင်မှာတွေ့ကြည့်ကြမလား?"

ဟာအို ဂိမ်းဆော့နေရင်း notification barမှ တက်လာသော စာကို ကြည့်လိုက်တော့ အန်နာ့က။

အန်နာဆိုသည်မှာ ဟာအိုနှင့် tinderမှာတွေ့သည့် ကောင်မလေးတစ်ယောက်။

ဟာအို အထက်တန်းပြီး တက္ကသိုလ် မတက်ရသေးမီကြားထဲကာလတွင် အလုပ်မရှိဘဲ စိတ်များလေလွင့်ရတော့သည်။ထို့ကြောင့် အချစ်ဆိုသော အရာကို မြည်းစမ်းကြည့်ရလျှင် ကောင်းမည်လားဟု ထင်မိသောကြောင့် dating appတစ်ခုဖြစ်သော tinderကို အသုံးပြုခဲ့ခြင်းပင် ဖြစ်သည်။

အန်နာက ချစ်ဖို့ကောင်းသော ကောင်မလေးတစ်ယောက်ပင်။စကားပြောရသည်မှာလည်း စိတ်ဝင်စားဖို့ ကောင်းပြီး ရယ်လည်းရယ်ရသည်။ ထိုသို့သော ကောင်မလေးနှင့် စကားပြောရသည်မှာ ရင်ခုန်ဖို့ကောင်းမည်ဖြစ်သော်လည်း ဟာအို့အတွက်တော့ ဘာမှန်းပင် သေချာမသိသေးပင်။

MY JOURNEY TO YOU(BINHAO/HAOBIN)Where stories live. Discover now