အခန်း 14

Start from the beginning
                                    

ရေချိူးတာကြာသွာသဖြင့် ချမ်း ရေချိူးခန်းထဲက တဘက်လေးပတ်ထွက်‌လာတော့ နှာတချေချေဖြစ်နေပြီ။သို့ပေမဲချမ်းဂရုမစိုက်ဘဲ အဝတ်ဗီရိုရှေ့ရပ်ကာ အင်ကျီ‌တွေရွေးကြည့်ရင်းဘာဝတ်ရမလဲစဉ်းစား သည်။အနက်ရောင် တီရှပ်လေးမြင်တော့ မောင်အနက်ရောင်ကြိုက်သည်ကို သတိရကာ ထိုအင်ကျီလေး ထုတ်ဝတ်လိုက်သည်။ဆံပင်စိုတွေကို dryerဖြင့်ခဏ မှုတ်လိုက်တော့ ခြောက်သွားပေသည်။ ချမ်း မှန်းရှေ့ရောက်လာကာ မျက်နှာပေါ် ခရင်မ်နည်းနည်းလူးသည်။ပြီးတော့ မောင့်အကြိုက် အနံ့ရှိသည့် lotionနည်းနည်းလက်ထဲညှစ်ထည့်ကာ လက်မောင်းတွေ၊လည်တိုင်တွေ ပွတ်တိုက်လူးလိုက်သည်။အကုန်လုံး ပြင်ဆင်ပြီးချိန်တွင်တော့ မနက်ရှစ်နာရီခန့် ရှိသွားပြီဖြစ်သည်။

ဟိုကောင်  မရောက်သေးဘူးလား မသိဘူး။မောင် လာခေါ်ရင်မာမီက စစ်လားဆေးလား လုပ်နေမည်စိုးလို့ ချမ်း မြတ်ကို ကိုလာခေါ်ခိုင်းထားခြင်းဖြစ်သည်။ပြီးမှ တစ်ဆင့်မောင့်ထံသွားမည်။ချမ်း အတွေးနဲ့အတူ အောက်ထပ်ဆင်းလာသည်။

"ဟုတ် အန်တီ နေကောင်းတယ်..အမေကတောင် အန်တီမေမီ့ကို ပြောနေတာ အလည်မလာတာကြာပြီဆိုပြီး"

မြတ်ကိုအသံကိုကြားရသည်။မြတ်ကို ရောက်နေပြီဖြစ်ကာ မာမီနဲ့စကားလက်ဆုံကျနေသည်။

"အေးကွယ်..အန်တီလည်းအလုပ်တွေရှုပ်နေတာနဲ့ သားတို့အိမ်မရောက်ဖြစ်တာ ....သား မာမီကိုလည်း အန်တီကအလည်ဖိတ်ပါတယ်လို့ ပြောလိုက်ပါအုံးကွယ်"

"ဟုတ်ကဲ့ပါ...အန်တီ"

"မင်း..ရောက်နေတာကြာပြီလား"

ချမ်းက ဧည့်ခန်းထဲဝင်လာရင်းပြောသည်။

"ကြာပြီပေါ့ကွ...မင်း ရေချိူးနေတယ်ဆိုလို့ အံမယ်...အရမ်းတွေရွှိုင်းထားပါ့လား လူပျိူဖြန်းလေးက"

မြတ်ကို က ချမ်း ရည်းစားနဲ့လျှောက်လည်မည်ကိုသိထားကာ ချမ်းထွက်လာတာမြင်သည်နဲ့စသည်။

"မာမီ့သားလေး...အရမ်းချစ်စရာကောင်းနေတယ်နော်....သားတို့လျှောက်လည်ကြမှာကောင်မလေးတွေရောပါ‌ နေလို့လား"

Falling In Love With My Husband.Where stories live. Discover now