အခန်းပို-၃

Start from the beginning
                                    

ရီနေသည့်သူမကို ခေါင်းကနေချုပ်ကိုင်ပြီး မျက်နှာအနှံ့ကို တရွှတ်ရွှတ်နမ်းသည် ။ထိုနောက်နှာဖျားကို လက်ညိုးလက်မဖြင့် ညစ်ကာ..

"ဒီလိုလေး ရီနေမှပေါ့ ။သူ့ပြောတာက ဝမ်းနည်းစရာပါလို့လား အန်တီရဲ့ "

ခါးကို လက်နှင့်ထွေးပွေ့ပြီး ရင်သားတင်းတင်းလေးတွေကြားက အချိုင့်နေရာလေးကို မျက်နှာအပ်နမ်းလာတာကြောင့် ဆက်ကနဲ့တွန့်ကာ ပခုံးကိုတွန်းရသည် ။သို့ပေမဲ့ သူ့ကဖယ်မပေး ။

"ဒီနေရာလေးမှာ မျက်နှာအပ်နမ်းရတာကြိုက်လို့ အိအိလေးနဲ့ အန်တီ့ကိုယ်သင်းနံ့ကို ပိုရတယ် ။ ဘယ်လိုလေးမှန်းမသိဘူး ရင်တွေတအားခုန်ရတာ "

အိမ်​နေရင်းလည်းရင်ဖုံးအင်္ကျီဝတ်တက်သည့်လွန်းကြောင့် အချိုးအစားညီညီ ပြေပျစ်ပျစ်လှနေသည်။
ဖုံးကွယ်ထားသည့် အသားစိုင်တွေကို ဖိကပ်နမ်းတော့ နုနုနယ်နယ်ဖြစ်၍ နာသည် ။
ဝရံတာမှာဖြစ်ချင်တိုင်းဖြစ်နေတာတော့ မကောင်း ။ခြံထဲမှာ တစ်ယောက်ယောက်မြင်သွားခဲ့လျှင် မသင့်တော် ။

"တော်တော့ သူ့ ညနေခင်းကြီး "

"ကလေးမွေးပေးမယ်ဆို ဒါကအဓိက ကျတယ်မဟုတ်လား? "

"ဒါပေမဲ့ ညနေခင်းကြီးရှိ..အွင့် "

လိုချင်တာရှိရင် တဇွတ်ထိုးလုပ်တက်တဲ့ သူ့ပုံစံအတိုင်း ဘာကိုမှဂရုမစိုက်တော့ ။နှုတ်ခမ်းတွေကို မွတ်မွတ်သိပ်သိပ်နမ်းနေသည့်သူ့ အနမ်းတွေကို မောဟိုက်နေရာမှ ပြန်တုန့်ပြန်ပေးမိသည် ။

မွေ့ရာပေါ်မှာ ချပေးပြီးအင်္ကျီနှိပ်သီးတို့အား အကြမ်းအတမ်း ချွတ်ကာ သဘောကျပါတယ်ဆိုတဲ့နေရာကိုလွတ်လွတ်လပ်လပ် ခြယ်လှယ်တော့၏ ။

သူမကိုယ်တိုင်ကိုယ်က သူဆိုရင်ကို မလွန်ဆန်နိူင် ။မလွန်ဆန်ရက်ဖြစ်နေတော့ခက်ရဲ့ ။

~~~

-၁၀လခန့်ကြာသော်-

သူ့တို့ ဘန်ကောက်သွားပြီး သန္ဓေဆောင်ခဲ့ကြသည် ။၂နှစ်ကျော်ကြာပြီဖြစ်တဲ့ အိမ်ထောင်သက်မှာလည်း နှစ်ဖက်မိဘလုံးကသူ့တို့ကိုကလေးယူစေချင်လှပြီဖြစ်တာကြောင့်ရော သူ့ကြောင့်ရောပါ အန်တီကမြတ်နိူးလှတဲ့စာသင်တဲ့အလုပ်ကိုခတ္တနားကာ သူ့အတွက်ဘေဘီလေးအားလွယ်ပေးသည် ။

သူ့အန်တီWhere stories live. Discover now