❀ 43 ❀ ( Z + U )

Start from the beginning
                                    

>>>>>>>>>>>>><<<<<<<<<<<<<









နှစ်ဖက်မိဘများနှင့် အသိသက်သေများစုံရာတွင် စကားများပြောဆိုနေကြသည်မှာ နားကွဲလုမတတ်......
အမြွှာနှစ်ကောင်ကတော့ ပြုံး၍နားထောင်နေကြပေမယ့် Taehyung ကတော့ တဖြည်းဖြည်းထွက်ပြေးချင်လာသည်.....
Appa နှင့် Daddy Joon ကလည်းပြောလိုက်ရသည့်စကား.....
ပို၍ထူးဆန်းသည်က စကားနည်းသည်ဟုထင်ရသော ဦးလေး Min ကပင် တစ်ခါတစ်ခါရယ်၍ပြုံး၍ ၀င်ပြောနေသေးသည်......
° အော Tae Tae Hyung နေမကောင်းဘူးလား..... ဘာဖြစ်လို့လဲဟင် မျက်နှာလည်းမကောင်းပါလား...... °
သူ့မျက်နှာပျက်နေသည်အား သတိထားမိပုံရသော အကြီးလေးက မေးဖော်ရပါ၏။
" အွန်း တစ်နေရာသွားရအောင် ငါမူးချင်လာပီ..... "
° အွန်း သွားမယ် သွားမယ် ဟျောင့် Guk ငါတို့အပြင်ခဏထွက်ရအောင်...... Hyung ခေါင်းမူးနေလို့တဲ့..... °
* အော အေး အေး သွားကြမယ်လေ ငါ ဦး‌ငယ်ကို ပြောလိုက်ဦးမယ်..... *
Taehyung ကတော့ ငြီးစီစီဖြစ်လာသည်မို့ အရင်သာထွက်လာခဲ့သည်......
သူ့နောက်တွင်တော့ အစဉ်လိုက်အတိုင်းလိုက်လာကြသော အမြွှာများ......
















* ဘာဖြစ်သလဲ Hyung နေမကောင်းဘူးလား ဆေးခန်းပြမလား..... *
" ရပါတယ်ကွာ လူများလို့ နည်းနည်းမူးတာပါ..... လေကောင်းလေသန့်ရှုလိုက်ရင် ကောင်းသွားမှာ..... "
° ဒါဆို ကျွန်တော်တို့ ပန်းခင်းတွေဘက်သွားမလား..... °
" အွန်း သွားမယ်..... "
ပန်းခင်းဆိုသော အသံကြောင့် Taehyung သွားရန်ခေါင်းငြိမ့်လိုက်သည်.....
ပန်းပင်‌များအား သဘောကျသော Taehyung အဖို့ ခေါင်းမူးပင်သက်သာလာသလို......









" ဝါး လှလိုက်တာ..... "
မျက်စိတစ်ဆုံးစိုက်ပျိုးထားသော နှင်းဆီပျိုးပင်များအား ကြည့်ရင်း Taehyung ပါးစပ်လေးအဟောင်းသားနှင့် ရေရွတ်မိသည်....
ရောင်စုံပန်းခင်းကြီးက လေတစ်ချက်ဝေ့လိုက်တိုင်း သင်းပျံ့ပျံ့ပန်းရနံ့များအား ပေး၏။
° Hyung ကြိုက်လား..... နောက်တစ်ခါကျ ကျွန်တော်တို့အိမ်မှာ အဲ့လိုစိုက်ကြမယ်နော်..... °
" အွန်း ငါက Daisy ပိုကြိုက်တာ Daisy စိုက်ကြမယ်နော်.... "
* Hyung သဘော Hyung သဘော...... *
ဒီတစ်ခါတော့ Taehyung သဘောကျစွာရယ်မောမိသည်....
ပန်းခင်းကြီးတွင် ရယ်သံလွင်လွင်လေးများ ပျံ့နှံ့လို့နေခဲ့၏။
















Our Baby Hyung  ♡ [ Completed ]Where stories live. Discover now