"အရှင်မင်းကြီး... ဖုန်းဆွန်က ကျွန်မကို တွန်းအားပေးခဲ့တာပါ... ကျွန်မ သူခိုင်းတဲ့အတိုင်းမလုပ်ရင် သူကျွန်မကို သတ်လိုက်မယ်... အရှင်မင်းကြီး ကျွန်တော်မျိုးမက လုံးဝအပြစ်ကင်းပါတယ်!!" ချွန်ရုံ အသနားခံလေသည်...

"ငါစုံစမ်းမှုအရ မင်းကသာ ငါ့လူတွေကိုသတ်ဖို့ လူစုခဲ့တာလေ.. ဖုန်းဆွန်က စစ်သားစုဆောင်းနိုင်ဖို့ အင်အားမှမရှိတာ" ထုံယန်ပြောပြီး သူမ တုံ့ပြန်မှုကိုကြည့်လိုက်သည်... 

"အရူးတစ်ယောက်ကိုဖမ်းဖို့ ငါကိုယ်တော် အရူးတစ်ယောက်လိုဟန်ဆောင်ခဲ့တယ်... မင်းရှင်းနိုင်ငံကို ထိန်းချုပ်ချင်နေမှန်း ငါသိတယ်... ငါ့ကိုဖယ်ရှားနိုင်ဖို့ ဖုန်းဆွန်ကိုအသုံးချခဲ့တယ်... ကျိရော့ကြောင့်သာမဟုတ်ရင် မင်းတို့အစီအစဉ်တွေ အောင်မြင်တော့မှာမလား"ထုံယန်ဟာ ဒေါသတကြီးသူမကိုပြောလိုက်ပေမဲ့ တစ်ချိန်တည်းမှာပဲ တည်ငြိမ်နေလေ၏...

"ကျိရော့က ဖုန်းဆွန်နဲ့ ဝမ်ရှုတို့ရဲ့ အကြံအစည်ကိုသိခဲ့တယ်... ဒါပေမဲ့ သူမ ထုတ်ပြောလိုက်ရင် မင်းကိုလည်း ဖော်ထုတ်သလိုဖြစ်သွားမှာစိုးတာကြောင့် မင်းသူမကို ငါ့နားမရောက်နိုင်အောင်လုပ်ခဲ့တယ်... သူမ နိုင်ငံထဲကထွက်သွားတာ မင်းသိတော့ သူမကိုသတ်ပစ်ဖို့ လူတွေလွှတ်ခဲ့တယ်... ဒါပေမဲ့ မင်းလူတွေက သူမကိုရှာမတွေ့တာကြောင့် ယွမ်ယွမ့်ကိုသတ်ပစ်ခဲ့တယ်မလား" ထုံယန်ပြောသော်လည်း ချွန်ရုံကတော့ သူမအပြစ်ကင်းကြောင်းနဲ့ ဖုန်းဆွန်အကြံအစည်တွေဟုပင် ဆိုနေလေသည်...

ဖုန်းဆွန်ကလည်း အရာအားလုံးကို ချွန်ရုံသာလုပ်ကြောင်းနှင့် သူက သူမပြောတဲ့အတိုင်း လုပ်ရကြောင်း ကိုယ့်ကိုယ်ကို ခုခံကာကွယ်ပြောဆိုလေ၏... 

"သူ့အရိုးတွေအားလုံးကို ရိုက်ချိုးပစ်လိုက်" ထုံယန်အမိန့်ပေးလိုက်သည်... ချွန်ရုံမှာ ရဲမက်လက်ထဲမှ ရုန်းကန်သော်လည်း မအောင်မြင်ချေ.. ချွန်ရုံ့လက်တွေအချိုးခံရတော့မယ့်အချိန်မှာပဲ အပြာရောင်ဝတ်ရုံဝတ်ထားတဲ့အမျိုးသမီးတစ်ယောက်က သူမရှေ့တွင် လာရပ်လေသည်....

သူမ မော့ကြည့်လိုက်တော့ ကျိရော့က သူမအား စိုးရိမ်နေတဲ့ပုံစံဖြင့် ငုံ့ကြည့်နေလေ၏..."ရှင်အဆင်ပြေရဲ့လား" ကျိရော့မှ ဖြစ်ပျက်နေသမျှကို ကြည့်ရင်းမေးလိုက်သည်...

ငါ့ကိုပွေ့ဖက်ထားနိုင်မလား(ဘာသာပြန်)                          Where stories live. Discover now