အသက်ရှူသံပြင်းပြင်းက သူ့လည်ပင်းတစ်ဝိုက်မှာ ကျီဆယ်နေပြီး တစ်ချက်တစ်ချက်သွားနဲ့ဖိကိုက်လိုက်တဲ့အခါမျိုးမှာ သတိလက်လွတ်ဖြင့်သူ့နှုတ်ကထွက်သွားတတ်တဲ့ ငြီးသံတစ်ချို့ကြောင့် လက်တစ်ဖက်ကပါးစပ်ကိုအုပ်ထားမိသည်။ လည်ပင်းကမှတစ်ဆင့် ရင်ဘတ်အထိတဖြည်းဖြည်းနဲ့အနမ်းတွေကိုလျှောဆင်းသွားတဲ့ရှောင်းကျန့်ကို ရီဝေစွာဖြင့်ငေးနေမိသည်။ သူ့ဘောင်းဘီထဲအထိ တိုးဝင်လာတဲ့ရှောင်းကျန့်ရဲ့လက်တွေက ပေါင်အတွင်းသားတွေကို မထိတထိနဲ့ပွတ်သပ်နေတာမို့ ရင်ထဲမရိုးမယွဖြစ်ကာ ရှောင်းကျန့်လည်ပင်းကိုအတင်းဆွဲချရင်း သူ့ဘက်ကစတင်လို့ ရှောင်းကျန့်ရဲ့နှုတ်ခမ်းကိုဖိနမ်းလိုက်မိသည်။
ရှောင်းကျန့်ဆီက တုံ့ပြန်အနမ်းတွေမရတာမို့ နှုတ်ခမ်းချင်းဖယ်ခွာရင်း ရှောင်းကျန့်မျက်နှာကိုကြည့်လိုက်တော့ နှုတ်ခမ်းဖျားကလှုပ်ခတ်သွားပြီး သူ့ကိုတစ်ခုခုပြောလိုက်သည့်ဟန်။ သေချာမကြားလိုက်ရတာမို့ မျက်မှောင်ကျုံ့ပြီးကြည့်မိတော့ ရှောင်းကျန့်ကထပ်ပြီးသူ့နား,နားကပ်ကာ
"ရိပေါ် ထတော့... ကျောင်းနောက်ကျနေပြီ။ မြန်မြန်ထ အပျင်းတစ်မနေနဲ့"
"ဟင်.."
ရှောင်းကျန့်ရဲ့စကားတွေကို နားမလည်စွာဖြင့်မျက်မှောင်ကုပ်လို့ကြည့်နေရင်း လူကိုပါလှုပ်နှိုးခံနေရတာမို့ သူလန့်ဖြန့်ကာငုပ်တုပ်ထထိုင်လိုက်မိသည်။
"နောက်ဆုံးတော့ နိုးလာပြီပေါ့။ ငါနှိုးနေတာကြာပြီ"
သူ့ကုတင်ဘေးမှာ မတ်တပ်ရပ်လို့ပြောနေတဲ့ရှောင်းကျန့်ကိုတစ်လှည့် အိပ်ယာပေါ်ကမိမိကိုယ်ကိုတစ်လှည့်ပြန်ကြည့်ရင်း ရိပေါ်မျက်နှာတွေပူထူလာမိသည်။ မဟုတ်မှ သူခုနကအိပ်မက်,မက်နေတာလား။ အိပ်မက်ကလည်းရိုးရိုးအိပ်မက်တောင်မဟုတ်ပဲ ရှောင်းကျန့်နဲ့သူနဲ့ ဒီကုတင်ပေါ်မှာ...။ အတွေးမဆုံးခင်ပင် ရိပေါ်လက်မခံနိူင်စွာနဲ့ ခေါင်းကိုအဆတ်မပြတ်ခါထုတ်လိုက်မိသည်။ မဖြစ်နိူင်လိုက်တာ သူ့ဘဝမှာပထမဆုံးwet dreamမက်ဖူးတာဖြစ်ပြီး ဒါကလည်းရှောင်းကျန့်နဲ့တဲ့လား။
![](https://img.wattpad.com/cover/323149836-288-k280986.jpg)
𝓛𝓮𝓽𝓽𝓮𝓻-8
Start from the beginning