အပိုင်း(၃၅)

Start from the beginning
                                    

" ငါရောက်ပြီ...ဒီအရက်တွေဝိုင်းသောက်​ပေးရမှာမလား...ပေး ငါ့ကိုအရက်ပုလင်း.."

"ဟိုး...ဟိုး...​ဖြေးဖြေးပေါ့ ယမကာရဲ့ ဒီအရက်တွေကိုသောက်ရမှာပါ ဒါပေမယ့် အရင်ဦးဆုံးကိုယ်တို့ စကားလေးခဏပြောကြရအောင်.."

" ငါမင်းနဲ့ ပြောစရာစကား ဘာမှမရှိဘူး...ဟိန်းစိုး.. "

"ဟက်!!.."

ဟိန်းစိုးက အရက်ခွက်ကိုတစ်ကျိုက်မော့ပြီး 'ဟက်' ခနဲရယ်သည်။
ဂမုန်း မျက်မှောင်ကြုတ်လိုက်သည်။
သူပြောတာ ရယ်စရာဘာပါလို့လဲ ။

ဇရပ်နှင့်ကောက်ရိုးပုံက တော်တော်အလှမ်းဝေးသည်မို့ သူ့တို့ဘာတွေပြောနေကြလည်း သစ်မင်းမောင် မသိချေ။
အနားက ကပ်ပြီးနားထောက်လို့ရင်လည်းကောင်းသား...သို့ပေမယ့် သူလိုက်လာတာ ဟိန်းစိုး သိလို့မဖြစ်ချေ။

"ကိုယ် ပြောဖူးပါတယ်..တစ်နေ့နေ့ကျရင်အေးဆေးစကားပြောရမှာပါလို့..."

" ငါဒီကိုလာတာ မင်းနဲ့အတူ ီးစကားပြောဖို့မဟုတ်ဘူး...အရက်သောက်ဖို့လာတာ...ပေးအရက်ခွက်... ငါသောက်ပြီးပြန်မှာ.."

"ချစ်တယ်.. !!"

" ဘာကိုလဲ.. !!"

"ကိုယ်မင်းကိုချစ်တယ် ယမကာ..!!"

ဂမုန်း နှာတစ်ချက်ရှံ့လိုက်တယ်။
သူရဲ့ နှလုံးသားဟာ မောင့်တစ်ယောက်ကိုသာ လက်ခံသည်။

" ငါ့မှာ ရည်ရွယ်ထားတဲ့သူ ရှိတယ်.."

"ဘယ်သူလဲ!!"

"သစ်မင်းမောင်.. "

ဟိန်းစိုး၏မျက်နှာကိုသေချာကြည့်ပြီး ဂမုန်းဖြေလိုက်တယ်။
မီးရောင်ဖြင့် ဟိန်းစိုး၏မျက်နှာပျက်သွားတာကို အတိုင်းသားတွေလိုက်ရတယ်။ဂမုန်း ကျေနပ်တယ် ။
ဒါပေမယ့် သူကချက်ချင်းအမူအယာပြန်ပြောင်းပြီး...။

"ဟုတ်ပါပြီ...အဲ့ဆို ကိုယ်ကအခွင့်အရေးမရှိတော့ဘူးဆိုတဲ့ သဘောပေါ့...ဟက်...တော်တော်တရားဖို့ကောင်းတဲ့လောကကြီးပါလား..."

"ရော့...ဒီမှာ ယမကာအတွက် အရက်ခွက်...ဒီတစ်ခွက်သောက်ပြီးရင် ပြန်လို့ရပြီ.."

"တကယ်လား..."

"အင်း..."

တွေဝေတုန့်ဆိုင်းမနေပဲ အရှေ့သိုချပေးသောအရက်ခွက်ကို အကုန်မော့သောက်လိုက်သည်။
ခါးသည်းတဲ့အရသာက လည်ချောင်းတသ်လျှောက်ဝမ်းဗိုက်အတွင်းသို့ စီးဝင်သွားသည်။
သို့ပေမယ့်ခဏချင်းဆိုလျှင်ပဲ တစ်ကိုယ်လုံးပူလာသလိုခံစားရသည်။
ပူလာတယ်...ချွေးစေးတွေထွက်လာပြီး ဝတ်ထားသမျှအဝတ်တွေကို ချွတ်ပစ်ချင်လာသည်။
မနည်းထိန်းချုပ်ကာနေပြီး...။

ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete) Where stories live. Discover now