အခန်းပို-၁

Start from the beginning
                                    

အန်တီကသာ အာရုံမစိုက်နဲ့ပြောနေတာ သူမလုပ်ပုံက သူ့အလုပ်ထဲကို လုံးဝအာရုံမရ ။ရှေ့က လက်တော့မှန်ပြင်ကို မြင်ရစေရန် ပခုံးတစ်ဖက်မှာဘဲစောင်းမှီပေးရင်း ထိုပခုံးသားတွေကို နှာခေါင်းဖျားနှင့်နမ်း၍တဖုံ ပါးစပ်ဖြင့်ကိုက်၍တမျိုး အမျိုးမျိုးကလိနေသည် ။

ရှပ်အင်္ကျီပေါ်မှတဆင့် လက်ချောင်းနုနုလေးတွေနှင့် သူ့ဗိုက်သားတွေကို ဖြတ်လျှောက်သွားချိန်မှာတော့ ဘယ်လိုမှထိန်းမထားနိုင်တော့ ။ပေါင်ပေါ်ကနေ သူမစိတ်တိုင်းကျကစားနေသည့် အန်တီ့ရဲ့မေးရိုးတွေကို အုပ်ကိုင်ပြီး နှုတ်ခမ်းပါးစိုအိအိလေးကို ဆွဲငုံ့ပစ်လိုက်သည် ။

"အွင့် သူ့"

အထဲကပန်းရောင်ပြေပြေ
လျှာလေးကိုပါ တိုးဝင်ယူပြီးသွားနှင့် မနာအောင်ကိုက်သည် ။အကြာကြီးနမ်းနေရာမှ လက်မောင်းတွေကို နာနာပုတ်လာသည့် အန်တီကြောင့် သုံးစက္ကန့်မျှလွှတ်ပေးပြီး ပြန်နမ်းဖို့အလုပ်မှာ ကိုယ့်နှုတ်ခမ်းတွေပေါ် ဒေါင်လိုက်ကျလာသည့် အန်တီ့လက်ညိုး ။

"ထိန်းအုံး ကလေးမလေး ။မရဘူး..အ့ "

လာစတဲ့ အမျိုးသမီးကို အသည်းတွေယားလွန်းလို့ ပါးစပ်နားက သူမလက်ညိုးကို ဆက်ခနဲ့ ကိုက်ပစ်လိုက်တယ် ။

"အပြစ်ပေးတာ ။သူ့ကို လာကလိလို့ "

သဘောတကျတခစ်ခစ်ရီနေသည့်အန်တီကို ဒူးခေါင်းတွေကြားလက်ထိုးပြီးပွေ့ချီတော့ လည်တိုင်တွေကိုအမိအရလှမ်းဖက်သည် ။

"မင်းနားမှာငြိမ်ငြိမ်လေးဘဲနေနေတာလေ ။အဲ့ဒါကို ဘာလို့ဒီအိပ်ရာပေါ်လာချပေးတာလဲ "

အိပ်ရာပေါ်ချပေးတော့နှုတ်ခမ်းတစ်စူစူနှင့် မျက်ခုံးတွေကျုံ့ထားရင်း ပြောသည် ။ငြိမ်ငြိမ်လေးနေနေတာကလည်းနော် ။သူ့စိတ်တွေကိုထိန်းထားရလို့သာ ။ဒီအမျိုးသမီး ဟာလေ..။

"သူ့ အန်တီအိပ်မှ အလုပ်ပြန်လုပ်မယ်လေ။အန်တီနဲ့အတူတူ အိပ်ပေးမလို့ "

ထိုအခါမှပြုံးလာကာ အနားဝင်အိပ်သည့်သူ့ရင်ခွင်ထဲအတင်းတိုးလာသည် ။ခေါင်းကိုပွတ်သပ်ပေးနေရာမှ အန်တီကတစ်စုံတစ်ခုကိုသတိရသည့်အလား သူ့ကိုမော့ကြည့်လာကာ..

သူ့အန်တီ(Complete)Where stories live. Discover now