သူ့ကို တစ်မိနစ်ခန့် စောင့်ဆိုင်းစေပြီးမှ ယီမန့်က အခန်းတံခါးပွင့်လာသည်။ သူ ကွန်ပျူတာငှားမည့်အကြောင်း ရှင်းပြလိုက်သောအခါ သူမက စိတ်မရှည်လက်မရှည်ဖြင့် ပြောလိုက်သည်။

" အစ်ကိုကြီး ဘာလို့စမတ်ဖုန်းမလဲသေးတာလဲ... အမေ့ကိုပြောပြီး အသစ်တစ်လုံး ဝယ်ခိုင်းပါလား..."

ပြောပြီးသည်နှင့် သူမက လှည့်ထွက်ပြီး အခန်းထဲပြန်ဝင်ကာ ယီဟွေ့ကိုကျောပေးပြီး အိပ်ရာပေါ်လှဲနေလိုက်သည်။

ယီဟွေ့ မိန်းမကလေးတစ်ယောက်၏ အခန်းထဲဝင်ဖူးသည်က ပထမဆုံးအကြိမ်ဖြစ်သည်။

"ခွင့်ပြုပါဦး" ဟု တီးတိုးပြောလိုက်ကာ‌ ဘေးဘယ်ညာကိုကြည့်မနေတော့ပဲ စားပွဲရှိရာသို့ တည့်တည့်လျှောက်သွားပြီး မောက်စ်ကို ကိုင်ကာ တစ်ချက်နှိပ်လိုက်သည်။

သူက ကွန်ပျုတာအသုံးပြုနည်းကို ကောင်းကောင်းမသိပေ။ သူ ဖျင်းယင်းစာလုံးများကို တဖြည်းဖြည်းရေရွတ်နေပြီး ကီးဘုတ်ကို တစ်လုံးစီရိုက်ပြီးသည့်အခါတွင်မှ လက်မှတ်ကြိုတင်မှာယူရမည့် website သို့ ရောက်သွားသည်။  သို့ရာတွင် မရင်းမနှီးဖြစ်နေသည့် စာမျက်နှာဖြစ်သောကြောင့် မည်သည့်နေရာနိပ်ရမည်ကို မသ်ိချေ။

" လုပ်မှာလား မလုပ်ဘူးလား..."

ကျန်းယီမန့်က ထပ်ကြည့်မနေနိုင်တော့ပေ။ သူမ အိပ်ရာပေါ်မှထလာပြီး ယီဟွေ့လက်ထဲမှ မောက်စ်ကိုယူပြီး ထွက်ခွာမည့်အချိန်ကို မေးလိုက်သည်။ သူမ တတောက်တောက်ဖြင့် နှိပ်လိုက်ပြီးနောက် နှစ်မိနစ်အတွင်း လက်မှတ်ဝယ်ပြီးသွားခဲ့သည်။

ကွန်ပျူတာစာမျက်နှာက homepageသို့ ပြန်ရောက်လာပြီးနောက် ယီဟွေ့ကို သူမေးလိုက်သည်။

" အပြန်အတွက်ရော လက်မှတ်ဝယ်ဦးမှာလား..."

ယီဟွေ့ ခေါင်းခါလိုက်သည်။

" မဝယ်တော့ဘူး... သူပြောတာ အမ်... အမေပြောတာတော့‌ ဟိုရောက်မှ ဝယ်မယ်တဲ့..."

ကျန်းရွှယ်မေ့က သူမသားကို မြို့တွင် ရက်အနည်းငယ်ခန့် ပျော်ပျော်ရွှင်ရွှင်နေခိုင်းဦးမည်ကို တွေးမိသည့်အခါ ကျန်းယီမန့်၏မျက်နှာက မသာမယာထပ်ဖြစ်သွားသည်။

မျောလွင့်နေသောပြာမှုန်များ Where stories live. Discover now