အပိုင်း ၇

Start from the beginning
                                    

"ဘာပဲဖြစ်ဖြစ် အသက်ကရလာပြီမလား အမေကိုယ်လက်မအီမသာဖြစ်မှာစိုးလို့ပါဗျာ...လာပါ ဝင်ရအောင်.."

"ဟုတ်ပါပြီတော် ဒါနဲ့သာကူစိတို့ရော ပြန်ကြပြီလား..."

"ပြန်ပြီအမေ့.. မနက်ကျမှ ကောက်ညှင်းပေါင်းစားဖို့ခေါ်ထားတယ်.."

"အေးအေး အမေဘုရားအရင်ရှိခိုးအုံးမယ်သားလုံး... စားပွဲပေါ်မှာ ထမင်းခူးထားတယ် စားနှင့်အုံးနော်.."

"ဟုတ်အမေ့!"

ပါလာတဲ့သင်္ဘောသီးကို နေရာတကျထားလို့ အိမ်ပေါ်ခပ်သုတ်သုတ်‌တက်သွားတဲ့ဝလုံးက တစ်လမ်းလုံးငိုလာရ မကျေမနပ်ဖြစ်လာရနဲ့မောပြီး ဗိုက်ဆာနေပြီရယ်...

"ဂွီ~~"

စားပွဲပေါ်က အုပ်ဆောင်းဖွင့်လိုက်တာနဲ့ ဝလုံးအကြိုက် ငါးပိရည်အနံ့မွှေးမွှေးကြောင့် ဆာနေတဲ့ဗိုက်ကအချက်‌ပေးလာသည်...

စိမ်းစိမ်းစိုစိုကန်စွန်းရွက်ကြော်ရယ် ကြက်ဥခရမ်းချဉ်သီးမွှေကြော်ရယ် တို့စရာခရမ်းကတော့သီးကြွပ်ကြွပ်လေးရယ် မုန်လာဥပြုတ်ဖြူဖြူရယ်ကြောင့် ဝလုံးမျက်လုံးတွေကတလက်လက်..

ဖုန်တွေပေပွနေတဲ့လက်ကို ဆပ်ပြာခဲနဲ့သေချာဆေးပြီးမှ ထမင်းစားပွဲနားထိုင်ကာ အမေ့အတွက်အရင်ထမင်းခူးသည်... ပြီးမှသူ့အတွက်ခူးကာ အမေ့ကို‌ထိုင်စောင့်နေလိုက်သည်...

သားအမိနှစ်ယောက်ပဲရှိတဲ့ဘဝမို့ ဘယ်တော့မှတစ်သီးတစ်ခြားစီ ထမင်းမစားကြ...တနေကုန်အလုပ်မအားတာတောင် ထမင်းစားကြိမ်‌တော့ အလုပ်နားပြီးအတူစားကြသည်...

"အရှေ့အရပ်၌ရှိသော~~~~~~~~~~"

အမေ့ဘုရားရှိခိုးသံကိုနားထောင်ပြီး ထမင်းစားပွဲနားထိုင်နေတဲ့ဝလုံးက ဗိုက်ကလေးပွတ်ကာပွတ်ကာ လျှာလေးတသပ်သပ်...

ဒီနေ့မှဝလုံးအကြိုက်တွေချည်းချက်ထားတာကြောင့် နှာခေါင်းလေးတရှုံ့ရှုံ့နဲ့အနံ့ခံနေတာက ခွေးပေါက်စလေးလို...

"အားလုံး ကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့ သာဓု သာဓု သာဓု~~

အားလုံးကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့ သာဓု သာဓု သာဓု~~

ကိုစံမောင်နှင့်တကွ အားလုံးကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့ သာဓု သာဓု သာဓု~~"

"သာဓု သာဓု သာဓု~~"

လက်ဆေးဖို့အတွက် ရေဇလုံနဲ့ရေခပ်လာရင်း သာဓုသုံးကြိမ်ခေါ်လိုက်သည်...

"အမေ့ ဒီမှာရေ~"

လက်ဆေးပြီးတဲ့ထိမစောင့်ပဲ ဟင်းတွေကိုအမေ့ပန်းကန်ထဲ အရင်ဦးချပြီး ခေါင်းမဖော်တမ်းလွေးတော့တဲ့ ဝလုံးကိုကြည့်ပြီး ဒေါ်မြကျူးကတပြုံးပြုံး...

"ဖြေးဖြေးစားပါ သားလုံးရယ် အမေလုမစားပါဘူး.."

"သားဗိုက်ဆာနေလို့ပါဗျ~~"

ပလုတ်ပလောင်းနဲ့ဝလုံးက ပါးလေးတွေဖောင်းကားလို့ နှုတ်ခမ်းသေးသေးလေးမှာအဆီတဝေ့ဝေ့...

ဆံပင်လိမ်လိမ်လေးတွေနဲ့ သားလုံးလေးကတစ်ကယ့်ချစ်မွှေးလေး~~~။

"ဝလုံးလေး"Where stories live. Discover now