🚨 အပိုင်း (၄) Zawgyi

Start from the beginning
                                    

"ကျွန်တော် မနက်ဖြန် ဒီကထွက်သွားတော့မယ်"

လုရှိုးဝမ်က လက်ထဲမှစာအုပ်ကို ငုံ့ဖတ်နေပြီး အသံကြားသောအခါ မော့ကြည့်မလာဘဲ ပြန်​ပြောသည်။

"ကောင်းပြီလေ၊ ငါ့ကို ခရီးဝေးတလျှောက်လိုက်ပို့ပေးခဲ့လို့ ရှစ်တိကိုကျေးဇူးတင်ပါတယ်"

ထိုစကားကြားပြီးနောက် သွမ့်လင်မှာ ပို၍ဒေါသဖြစ်မိတော့သည်။ ဤမျှခရီးကို အရောက်လာခဲ့ပြီးလေမှ သူ့နှလုံးသားထဲမှခံစားချက်ကို ထုတ်ပြခွင့်မရတော့သည့်အပြင် လုရှိုးဝမ်ကပါ အမြတ်ရသွားသေးသည်။

"ရှိုးယန်က အိမ်ထောင်ကျပြီးသားဆိုတာကို ခင်ဗျားသိနှင့်နေတာလား"

"အွန်း၊ ငါနဲ့ ညီလေးက မတွေ့ဖြစ်ကြပေမဲ့ စာတွေအပြန်အလှန် ပုံမှန်ရေးဖြစ်ကြပါတယ်"

"ဒါဆို ဘာလို့ကျွန်တော့်ကို စောစောမပြောတာလဲ"

"ရှစ်တိမှမမေးဘဲလေ။ ငါက ဘာလို့ပြောပြရမှာလဲ"

လုရှိုးဝမ်၏မျက်နှာက အပြစ်ကင်းသည့်ပုံစံနှင့် အံ့အားသင့်သွားသလိုပင် ဟန်ဆောင်လိုက်သေးသည်။

"မဟုတ်မှလွဲရော၊ ရှစ်တိက မတွေးဖူးတာလားနော်။ ရှိုးယန်လည်း အိမ်ထောင်ပြုပြီး သားသမီးရနေနှင့်လောက်ပြီလို့လေ"

"ကျွန်တော်.."

သွမ့်လင်မှာ ဒေါသပေါက်ကွဲသွားရသည်။

သူကိုယ်တိုင်က စွဲစွဲမြဲမြဲစုံမက်မိသလို လုရှိုးယန်က အဆပေါင်းရာထောင်ချီပိုလိမ့်မည်ဟု သူတွေးခဲ့မိသည်။ တကယ်တမ်းတွင် ... သူ့ဘက်မှ အနမ်းစပေးခဲ့ခြင်းမဟုတ်ပါလား ! ငယ်ရွယ်သည့်အချိန်က ခံစားချက်ဆိုသည်ကို သွမ့်လင် နားမလည်သေးခဲ့ပါချေ။ လုရှိုးယန်က သူ့ကိုသက်စွန့်စံဖျားကယ်တင်ပြီး ရုတ်တရက်အနမ်းခြွေခဲ့ခြင်းကြောင့်သာမဟုတ်လျှင် သူလည်း ရင်ခုန်ခဲ့လိမ့်မည်မဟုတ်ပေ။

မည်သူက တွေးထင်ခဲ့ပါမည်နည်း။

ပျော်ပျော်ရွှင်ရွှင်နှင့် သဟဇာတဖြစ်လှသည့် မိသားစုသုံးယောက်အကြောင်းတွေးမိသည်နှင့် သွမ့်လင်၏မျက်နှာက ကျောချမ်းဖွယ်ကောင်းလောက်အောင် တည်တံ့သွားသည်။

ကျိုးပဲ့သစ်ကိုင်းငယ်Where stories live. Discover now