ညို့(part-5)

ابدأ من البداية
                                    

'ဟွန့် သူများကိုကျတော့ မအိပ်ခိုင်းဘဲ သူကြတော့အိပ်နေတယ် အကျင့်ပုတ်ကြီး'

တာရာလည်း အိပ်ချင်လာတာနဲ့ တီချယ့်ဘေးမှာ ဝင်အိပ်လိုက်သည်။ တာရာဝင်အိပ်လိုက်တော့ တီချယ်က တာရာ့ကိုလာဖက်သည်။

'တီချယ် နိုးနေတာလား'

'ရှင်လေး အဲ့လောက် စကားအကျယ်ကြီးပြောနေမှတော့ ကျမနိုးပြီပေါ့'

'အဲ့တာဆို တာရာပြောနေတာတွေ ကြားသွားတာပေါ့နော်'

'ကြားသားဘဲ လူကိုများ အကျင့်ပုတ်ကြီးလေး ဘာလေးနဲ့ ဟွန်း'

နှုတ်ခမ်းလေးဆူကာ ဟိုဘက်လှည့်သွားသော တီချယ်မှာ အလွန်အသည်းယားဖို့ကောင်းသည်။

တာရာမှ တီချယ့်ခါးကိုဖက်လိုက်ကာ

'တီချယ်ရယ် တာရာက ချစ်လို့စတာပါ
တာရာ့တီချယ် အကျင့်လည်းကောင်းတယ် ရုပျလညျူခြောတယျ တာရာ့တီချယ် ဘယ်လောက်တောင် အကျင့်ကောင်းလိုက်သလဲ ကြည့်ပါလား တာရာ့ကို ဆေးလဲထည့်ပေးတယ် တာရာစားချင်တာတေလည်း ဝယ်ကျွေးတယ် ဘယ်လောက်တောင် အကျင့်ကောင်းလိုက်သလဲ'

တာရာပြောနေသည်ကို စွဲညို့ ခိုးရယ်နေလေသည်။

'တီချယ်...အန်တီညို့ရေ...ညို့ရေ....မောင့်ရဲ့ညို့လေးရေ...အချစ်လေးရေ...စိတ်ကောက်ပြေပါတော့နော်'

'ပြီးရော ဒီတစ်ခါဘဲရမယ်နော် နောက်တစ်ခါဆို မရဘူးမှတ်'

'ဟုတ်ပါပြီဗျ'

ညကျတော့ ထမင်းစားပြီး တာရာ့တို့နှစ်ယောက် စာသင်လိုက်ကြသည်။ စာသင်ပြီးတော့ တာရာက စာအုပ်ထိုင်ဖတ်နေသည်။

'တာရာ'

'ဗျာ'

'ဂီတာတီးပြပါလား တာရာအဆင်ပြေမှနော်'

'အင်း ပြေပါတယ် တီးပြမယ်လေ
ဒါပေမယ့် ဒီမှာတီးတာမကောင်းဘူး ခေါင်းမိုးပေါ်သွားတီးကြမယ်'

'အိုကေပါ'

အပေါ်သို့ နှစ်ယောက်သားအတူတူတတ်လာကြပြီး ထောင့်တစ်နေရာမှာ ထိုင်လိုက်ကြသည်။

'တာရာ တီချယ့်ကို သီချင်းဆိုပြ'

'အင်း..ဘာသီချင်းဆိုရင်ကောင်းမလဲ..အော် သိပြီ'

ညို့حيث تعيش القصص. اكتشف الآن