အဲ့ဒီနောက်တော့ သူနဲ့ သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာ ဝူချင်းဖန့်တို့နှစ်ယောက်က ဒီနေရာကနေ ထွက်လာခဲ့တယ်။

ယန်ချီက ရေမိုးချိုးသန့်စင်ပြီးနောက် သန့်ရှင်းတဲ့ အဝတ်အစားလဲပြီးတဲ့ အချိန်မှာပဲ ကျိုးဇီကို မြင်လိုက်ရတယ်။

“ယန်ချီ နက်ဖြန်ကျရင် နဂါးဘုရားကျောင်းက ပါရမီရှင်နဲ့ တိုက်ပွဲအတွက် ရှင်မှာ ယုံကြည်မှု ရှိတာလား”

ကျိုးဇီက ယန်ချီကို မေးလိုက်တယ်။

ယန်ချီကတော့ ကျိုးဇီရဲ့ စကားတွေက တကယ် ရယ်စရာကောင်းတယ်လို့ တွေးပြီး တိတ်တဆိတ် ရယ်ချင်နေခဲ့မိတယ်။

သူက စိတ်ဝိဉာဉ်ကုန်းမြေမှာ အစွမ်းအထက်ဆုံး ပါရမီရှင်ပါ။

နဂါးဘုရားကျောင်းရဲ့ပါရမီရှင်ဆိုတာ သူ့အရှေ့မှာတော့ ဘာမှ မဟုတ်ပါဘူး။

🐱🐱🐱🐱🐱

Godly Sword System
Chapter 702 နဂါးဘုရားကျောင်းရဲ့ ပါရမီရှင်
Translated by Thura

ကျိုးဇီရဲ့ စကားတွေကို ကြားတော့ ယန်ချီတစ်ယောက် ရယ်ချင်နေခဲ့တယ်။

အခြားသူတွေရဲ့ အမြင်မှာတော့ နဂါး ဘုရားကျောင်းရဲ့ ပါရမီရှင်က လုံးဝ အစွမ်းထက်ပေမယ့်လည်း သူ့အရှေ့မှာတော့ ဘာမှ မဟုတ်ပါဘူး။

“နဂါးဘုရားကျောင်းနဲ့ ငါ နှိုင်းယှဉ်ရင် ဘယ်လို ထင်မိလဲ”

ယန်ချီက ကျိုးဇီကို မေးလိုက်တယ်။

“ကျွန်မကတော့ ရှင်က နဂါး ဘုရားကျောင်းက ပါရမီရှင်ထက် ပိုကောင်းမယ်လို့ ထင်တယ်”

ကျိုးဇီက ခဏလောက် စဉ်းစားလိုက်ပြီး ယန်ချီကို ပြောလိုက်တယ်။

ယန်ချီတစ်ယောက် ခေါင်းကို တိတ်တဆိတ် ခါယမ်းလိုက်မိတယ်။

ကျိုးဇီက သူ့ရဲ့ အစွမ်းကို ကောင်းကောင်း မသိသေးဘူးလို့ တွေးမိလိုက်တယ်။

“ထားလိုက်ပါတော့။ နက်ဖြန်ကျရင် ငါ ယန်ချီက ဘယ်လောက် ကြောက်စရာ ကောင်းအောင် အစွမ်းထက်လဲဆိုတာ ကောင်းကင်ဓါးဂိုဏ်းက လူအားလုံး သိစေရမယ်”

ကောင်းကင်ဓါးဂိုဏ်း ရင်ပြင်မှာတော့ ကောင်းကင်ဓါးဂိုဏ်းက တပည့်တွေ ကျင့်ကြံနေကြတယ်။ သူတို့တွေအားလုံးက နက်ဖြန်ပြုလုပ်မယ့် တိုက်ပွဲအကြောင်းကို ပြောဆိုဆွေးနွေး နေကြတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now