လက်ရှိမှာတော့ သာလွန်ကောင်းကင်အဆင့် ဓါးကြိမ် သန်းထောင်ပေါင်းများစွာ ဆွဲထုတ်ခြင်း နည်းစနစ် အဋ္ဌမအဆင့် ဓါးအကြိမ် သန်းတစ်ထောင် ဆွဲထုတ်ခြင်းကို ရောက်ရှိနေပါပြီ။

သူက ဓါးဆွဲထုတ်တဲ့ အကြိမ်အရေအတွက်ကို စစ်ဆေးကြည့်လိုက်တယ်။

အကြိမ် သန်း ၂၀၀ ကို ရောက်ရှိနေပါပြီ။

ယန်ချီလည်း အဋ္ဌမအဆင့်ကို အောင်မြင်ဖို့အတွက် အချိန်တစ်ခုလောက် လိုဦးမယ်လို့ တွေးနေခဲ့တယ်။

ဒါပေမယ့်လည်း လက်ရှိမှာတော့ သူ့မှာ ဓါးဆွဲထုတ်မှတ်တွေ အများအပြား ရှိနေခဲ့ပါပြီ။

အဲ့ဒီအတွက် စဉ်းစားမနေတော့ပဲ အထူးဓါးဆွဲထုတ်ခြင်း နည်းစနစ်ကို အဆ ဆယ်သန်းကနေ အဆ သန်း သုံးဆယ်အထိ တိုးမြင့်လိုက်တယ်။

အထူးဓါးဆွဲထုတ်ခြင်း နည်းစနစ် အဆ သန်းသုံးဆယ် တိုးမြင့်ပြီးနောက်မှာတော့ အဋ္ဌမအဆင့်ကို အောင်မြင်ဖို့ အချိန် သိပ်မလိုတော့ဘူးလို့ တွေးမိလိုက်တယ်။

ချက်ချင်းပင် ယန်ချီက ကျင့်စဉ်အဆင့်ကို စစ်ဆေးလိုက်ပြန်တယ်။

လက်ရှိမှာတော့ အဆင့် ၇၉ စိတ်ဝိဉာဉ်သူတော်စင်အဆင့်ကို ရောက်ရှိနေပါပြီ။

နောက်ထပ် အဆင့်နှစ်ခုကို ကျော်ဖြတ်သွားခဲ့ရင်တော့ နောက်ထပ် စိတ်ဝိဉာဉ်လက်နက် တစ်ခုနဲ့ ပေါင်းစည်းနိုင်တော့မယ်လို့ တွေးမိလိုက်တယ်။

ယန်ချီက ဓါးသွားတစ်ထောင်မှော်ဓါးကို နောက်ကျောရှိဓါးအိမ်ထဲ ပြန်ထည့်လိုက်တဲ့ အချိန်မှာပဲ သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာ ဝူချင်းဖန့်ရဲ့ အသံကို ကြားလိုက်ရတယ်။

သူက အသံ ထွက်ပေါ်ရာကို ကြည့်လိုက်တော့ သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာ ကို မြင်လိုက်တယ်။

“စီနီယာ နဂါးဘုရားကျောင်းရဲ့ ပါရမီရှင်က ရောက်လာပြီလား”

သူက သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာ ကို မေးလိုက်တယ်။

“နက်ဖြန်ဆိုရင် ရောက်လာမယ်တဲ့ မင်း ပြင်ဆင်ထားပြီးလား”

သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာ က ယန်ချီကို မေးလိုက်တယ်။

ယန်ချီကတော့ ခေါင်းညိတ်လိုက်တယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Место, где живут истории. Откройте их для себя