ပိုင်လင်းက ယန်ချီကို ပြောလိုက်တယ်။

ယန်ချီလည်း ခေါင်းညိတ်လိုက်ပြီးနောက် ချက်ချင်းပင် ပိုင်မျိုးနွယ် စံအိမ်ဆီကနေ ဖြေးညှင်းစွာ လမ်းလျှောက်သွားခဲ့တယ်။

မဟာယန် အင်ပါယာ အင်ပါယာနန်းတော်. . . ။

ယန်ချီတစ်ယောက် မဟာယန်အင်ပါယာ အင်ပါယာမြို့တော်ဆီကို ပြန်ရောက်လာခဲ့တယ်။

သူက ဒီကို ပြန်လာတာ လင်တျန်းနဲ့ လင်ယွဲ့တို့ နှစ်ယောက်ကို နှုတ်ဆက်စကားပြောဖို့ပါ။

ဘာပဲ ဖြစ်ဖြစ် လင်ယွဲ့က သူ့ကို မဟာယန်အင်ပါယာဆီ ဖိတ်ခေါ်ခဲ့တဲ့ လူတစ်ယောက်ပါ။

သူက အင်ပါယာနန်းတော်ဆီကို ဦးတည် ထွက်လာခဲ့တယ်။

သိပ်မကြာခင်မှာပဲ ယန်ချီက အင်ပါယာနန်းတော်ဆီကို ရောက်လာခဲ့တယ်။

“ရပ်စမ်း ဒီနေရာက အင်ပါယာ နန်းတော်ပဲ။ အခြားသူတွေ ဝင်လို့ မရဘူး”

နန်းတော်စောင့် စစ်သားများစွာက ယန်ချီကို တားဆီးလိုက်တယ်။

“င့ါနာမည် ယန်ချီပါ။ လင်တျန်းနဲ့ လင်ယွဲ့တို့နှစ်ယောက်ရဲ့ မိတ်ဆွေပါ”

ယန်ချီက သူ့ကို တားဆီးလိုက်တဲ့ စစ်သားတွေကို ပြောလိုက်တယ်။

စစ်သားတွေက ယန်ချီရဲ့ စကားကို ကြားတဲ့အခါ ယန်ချီကို အထင်သေးစွာ ကြည့်နေခဲ့တယ်။

“ငါတို့ မင်းသားကြီးနဲ့ တတိယမင်းသမီးတို့ကို အင်ပါယာ တစ်ခုလုံး မသိတဲ့သူ မရှိဘူး။ မင်းက အဲ့ဒီလို ပြောတိုင်း အထဲကို ပေးဝင်ရမှာလား”

စစ်သားတစ်ယောက်က ယန်ချီကို ပြောလိုက်တယ်။

ယန်ချီက သူ အမှန်ပြောတိုင်း လူတွေက ဘာကြောင့် မယုံကြည်ကြလဲလို့ တွေးပြီး ခေါင်းခါယမ်းမိလိုက်တယ်။

စိတ်ပျက်စွာနဲ့ပဲ သူက ကောင်းကင်အဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်နည်းစနစ် မိုးကြိုးမှော်အရိပ်ခြေလှမ်းကို အသုံးပြုဖို့မှတပါး အခြားမရှိတော့ပါဘူး။

ချက်ချင်းပင် ယန်ချီတစ်ယောက် နေရာကနေ ပျောက်ကွယ်သွားခဲ့တယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now