အကို ( 9 )

Začít od začátku
                                    

XiaoZhan အသံအနည်းငယ်မာကာပြောလိုက်တော့ Yibo ကိုယ်လေးတုန်သွားကာ လိမ်လိမ်မာမာနဲ့ ကိုယ်နေရာ ကိုယ်ပြန်နေလိုက်သည်..

" မင်းဒီမှာပဲ အနားယူလိုက် ငါအလုပ်လုပ်လိုက်မယ်.."

XiaoZhan ပြောပြီး နဂိုထိုင်နေရာကို ပြန်သွားဖို့လုပ်တော့ XiaoZhan ရဲ့ လက်ဖဝါးကြီးကြီးတွေကို လက်သေးသေးလေးတစ်ဖက်ကလန်းဆွဲထားလိုက်သည် XiaoZhan ဘာလဲဟု ပြန်ကြည့်လာတော့ Yibo က ခေါင်းလေးငုတ်လိုက်ပြီး...

" ကျေးဇူးတင်ပါတယ်..ညကကိစ္စအတွက်ရောပဲ.."

" ငါကိုကျေးဇူးတင်ဖို့မလိုပါဘူး ငါလုပ်ခဲ့တာတွေအကုန်လုံးက တာဝန်အရလုပ်ခဲ့တာ ငါမင်းကိုမကြိုက်ရင်တောင်မှ မင်းက ငါမိန်းမပဲ.."

XiaoZhan Yibo ရဲ့ လက်လေးကိုဆွဲဖြုတ်ချလိုက်ပြီး Yibo မျက်နှာကို တည့်တည့်ကြည့်ကာ..

" မင်းကငါမိန်းမဖြစ်တဲ့အတွက် မင်း တစ်ခြားသူတွေနဲ့ Sex လုပ္တာကို ငါမကြိုက်ဘူး မျိုးရိုးအသိုင်းဝိုင်းနာမည်ပျက်လိမ့်မယ် နောက်တစ်ခုက မင်းကိုငါမကူညီရင် ငါအမေ ငါအသေသတ်လိမ့်မယ် မင်းကိုစိတ်ပူနေတယ်လို့ ထင်မနေနဲ့ .."

Yibo XiaoZhan ရဲ့ တည်ငြိမ်နေသောမျက်နှာကိုကြည့်ကာ..

" ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ် အကိုတာဝန်အရပဲလုပ်လုပ် အသိုင်းဝိုင်းနာမည်ပျက်မှာကြောင့်ပဲဖြစ်ဖြစ် သခင်မကြီးဆူမှာကြောက်လို့ပဲ ဖြစ်ဖြစ် ကျွန်တော်အိမ်ကို ဘေးကင်းကင်းနဲ့ပြန်ရောက်ခဲ့တာ အကိုကြောင့်ပါပဲ.."

" မင်းညက ငါနဲ့လုပ်ခဲ့တယ်လေ မင်းဘေးကင်းနေသေးတယ်လို့ထင်နေတာလား .."

" ကျွန်တော်နဲ့အကို Sex လုပ်ဖူးပြီးတာပဲ.."

Yibo ရဲရဲတင်တင်ပြောချလိုက်သည် ဟုတ်တယ် XiaoZhan နဲ့က အစထဲကအတူတူအိပ်ခဲ့ပြီးပြီး အနည်းဆုံး ကိုယ်ယောကျာ်းနဲ့အိပ်တာက တစ်ခြားလူနဲ့အိပ်တာထက် ဖြေသာသေးတယ်..

" အကိုနဲ့အိပ်တာက တစ်ခြားသူနဲ့အိ်ပ်တာထက်စာရင် တော်ပါသေးတယ် ဘာလို့လဲဆိုတော့ ကျွန်တော်ကအကို မိန်းမဖြစ်နေလို့လေ.."

" မင်းအဲ့လိုတွေးမိတာကောင်းတယ် ဒါပေမဲ့ ငါမငး္ကို အပြစ်ပေးရဦးမယ်.."

အကိုKde žijí příběhy. Začni objevovat