အပိုင်း(၃၂)

Start from the beginning
                                    

"အခုပဲ..ဟဲ..ဟဲ...အခုသွားကြမယ်..!!"

"မမြန်လွန်းဘူးလား.."

ဘာတစ်ခုမှ အဖြေပြန်မပေးပဲ ဂမုန်း၏လက်ကိုဆွဲပြီး သစ်မင်းမောင် လယ်စောင့်တဲဘေးကထနောင်းပင်ရှိရာဆီသို့ထွက်လာကြတယ်။
ဒါပေမယ့် သူတို့သတိမထားမိသည်က ခြံစည်းရိုး ဘေးနားမှာသူတို့ပြောနေတာကိုချောင်းကြည့်နေသော 'မျက်လုံး' ခြောက်လုံးကိုတော့သတိမမူမိချေ။

________________•••••••••______________

" ဂမုန်းပင်... မောင့်ကိုချစ်သလား...??"

"............."

"ဂမုန်းပင်... မောင်မေးနေတာပြောလေကွာ.."

"အင်း...ချစ်တယ်.. "

"ဟီးးးးဟီးးးးပျော်လိုက်တာ...!!"

"ဘယ်ထဲက ချစ်သလဲ..??"

"ဗိုက်ထဲက...!"

"ဟီးးးးသူများတွေနဲ့မတူဘူး...ကဗျာဆန်လိုက်တာ.."

"မောင် ကိုဘယ်တုန်းကချစ်သွားတာလဲ..."

" ီးလိုပဲကွာ..သစ်မင်းမောင် ငါစိတ်မရှည်တော့ဘူး..."

"ဟင့်...ပြောပါကွာ...နော်.. မောင့်ကိုဘယ်တုန်းကချစ်သွားတာလဲ...!!"

"ကျစ်!!..တော်တော်သိချင်နေတယ်ဟုတ်လား...ဟမ်...ဘယ်တုန်းကချစ်သွားလဲဆိုတော့ မင်းငါ့ကိုလုပ်တဲ့ညကချစ်တာကွာ..ရှင်းပြီလား.."

"ဟွန့်!! မောင့်ဂမုန်းပင်ကလည်း ကဗျာမဆန်လိုက်တာ ထားပါ..ထားပါ..မောင့်နမ်းမယ် ရမလား..."

"နမ်းချင်လည်း နမ်းကွာ...ငါထန်းရည်သောက်ချင်နေပြီ မြန်မြန်ချိန်းတွေ့...ပြီးရင် ငါထန်းတောသွားတော့မှာ.."

"ဟုတ်ပြီ... ဟုတ်ပြီ.. မောင်နမ်းမယ်နော်...ဒီဘက်လှည့်....အာ........"

"ဘွားးးးး!!"

သစ်မင်းမောင် ဂမုန်းကိုနမ်းမည်ကြံယုံရှိသေး...အနောက်ဘက်မှ 'ဘွားးးး' ဆိုတဲ့အသံကြောင့် အလန့်တကြားထခုန်မိသည်။
ဘယ်ဟုတ်မလဲ...တစ်ယောက်ကိုယ်ပေါ်တစ်ယောက်ထပ်ပြီး သူတို့ကိုချောင်းကြည့်နေသော မြရီ၊ခင်ထားနှင့်စိုးစိုး ။
အတော်တော့ဆိုးနေကြပါပြီ။ စိုးစိုးအပေါ်တွင် ခင်ထား၊ ခင်ထားအပေါ်တွင် မြရီတို့ ထပ်ပြီး ပစ်လဲနေကြသည်။
ဂမုန်းက ရှက်သည်ကြောင့် ပုဆိုးဖြင့်တစ်ကိုယ်လုံးလုံအောင် ခြုံထားသည်။

ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete) Where stories live. Discover now