ဂမုန်းကအလေးအနက်ဆိုတော့ ဖိုးခွားကမျက်လုံးထောင့်ကပ်ပြီးခဏစဥ်းစားသည်။
"ဟုတ်တဲ့...အဲ့ဆို တား ကဗျာကိုပြန်ပြောင်းဆိုပြမယ်ညော်... "
"အေး...အေး..!!"
"အဟမ်း... အဟမ်း.. "
ဝက်သားဖက်!! စောက်ကလေးက စောက်ကြီးစောက်ကျယ်နဲ့ ချောင်းဟန့်လို့ပါလား..။
~~~ဆွမ်းအုပ်နီနီ တိုကြီးဂမုန်း ရွက်လို့ နက်ဖြန်သဘက်ကျောင်းတတ်မယ်...
မောင်လည်းလိုက်မယ် ချန်မထားနဲ့ တိုကြီးဂမုန်းသွားတော့ ပျင်းလှတယ် ...
ကျောင်းကြီးပေါ်မှာ မောင်မဆော့နဲ့ဘုန်းကြီးအော်လို့ရိုက်လိမ့်မယ်...
မောင်မဆော့ပါ စိပ်ပုတီးနဲ့ ဘုန်းတော်ကြီးလိုနေပါ့မယ်....
လိုက်မယ်... လိုက်မယ်... ~~~
"ဟားးး..ဟားးးးး!!အဟွတ်...အဟွတ်.. !!"
ဖိုးခွားဆိုတဲ့ ကဗျာကို သစ်မင်းမောင် တို့အုပ်စု သဘောကျခြင်းကြောင့်ဝါးလုံးကွဲမတတ်ရယ်ကြလေသည်။
ဆားရေစိမ် ဆို ရေသောက်ရင်းမို့ ရေသီးသွားသည်အထိပင်။
ဖိုးခွား က ကဗျာဆိုပြပြီး ကျိုးနေတဲ့သွားလေးများပေါ်သည်အထိရယ်ပြသည်။
ထိုနောက် သူ့သူငယ်ချင်းများလာလို့ ဆော့ဦးမယ်နော် ဆိုပြီးဝိုင်းထဲမှပြေးထွက်သွားသည်။
ဆားရေစိမ် တို့အုပ်စုကလည်း သူကြီးကအခေါ်ရှိသေးတယ်ဆိုပြီး ထပြန်သွားကြသည်။
အခုဆိုရင် သစ်မင်းမောင်နှင့်ယမကာဂမုန်း သာကျန်ခဲ့သည်။
နှစ်ယောက်ထဲရှိသည့်အချိန်မို့ သစ်မင်း ဂမုန်း၏အနားသို့တိုးလာကာ...။"ဂမုန်းပင်... !!"
"အင်း...ပြောလေ..!"
"မောင် တို့ချိန်းတွေ့ရအောင်ကွာ..!!"
"ဟင်...အခုလည်းတွေ့နေရတာပဲလေ...မင်းတယ်အရစ်ရှည်တယ်.."
"အခုတွေ့တာမှန်ပေမယ့် ချိန်းတွေ့တာလောက်ဘယ်ဖီးလ်ရှိပါ့မလဲ...အဲ့ဒါကြောင့် မောင်တို့ လယ်စောင့်တဲဘေးက ထနောင်းပင်အောက်မှာ ချိန်းတွေ့ရအောင်..!!"
"ဘယ်တော့လဲ... !!"
ဂမုန်းက စဥ်းစားသလိုနှင့်မေးသည်။
သစ်မင်းမောင် ကလည်းဝမ်းသာအားရနှင့်...။
YOU ARE READING
ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete)
Romance" မောင်ပိုင်တဲ့ ဂမုန်းပင်ကို သေခြင်းတရားကတောင် လုယူပိုင်ခွင့်မရှိဘူး.. " သစ်မင်းမောင်..
အပိုင်း(၃၂)
Start from the beginning