အကို ( 6 )

Start from the beginning
                                    

" ဟုတ်..အကို ဘာကိစ္စရှိလို့လဲ.. "

" ငါပြောစရာရှိလို့..ဒီနေ့က အမေရဲ့မွေးနေ့ဖြစ်တာကြောင့် အမေ အဆင်ပြေအောင်တစ်ရက်ကောင်းကောင်းနေပေးမယ် ပြဲထဲရောက်တာနဲ့ မင်းနဲ့ငါ ချစ်ကြတဲ့လင်မယားတွေလိုဟန်ဆောင်ရမယ် မင်းလုပ်နိုင်လား .."

" ကျွန်တော် အကိုကို ပြန်မေးရမှာပါ အကိုလုပ်နိုင်လို့လား.. "

" မင်းငါစကားနဲ့ငါကိုပြန်မေးနေတာလား ထားလိုက်တော့ မင်းကိုချစ်နေတဲ့ပုံဟန်ဆောင်ရတာက ခက်ခဲတဲ့အရာမှ မဟုတ္တာ.."

" ဟုတ်.."

" မင်းအဝတ်အစားလဲပြီးပြီးလား.. "

" ပြီးပါပြီး.. "

XiaoZhan Yibo ဝတ်စားထားတဲ့ပုံစံကိုကြည့်ကာ တစ်ယောက်ထဲခေါင်းညှိပ်လိုက်ပြီး စိတ်ထဲမှာ မဆိုးဘူး လွသာ ဟုတွေးလိုက်မိသည်..

" မင်းအဝတ်အစားဝတ်ပြီးပြီးဆိုတော့ ငါအခန်းထဲတစ်ချက်လိုက်ခဲ့..ငါအဝတ်အစားဝတ်ပြီးတာနဲ့ အတူတူထွက်သွားကြမယ်.. "

XiaoZhan ရဲ့ စကားကြောင့် Yibo မော့ကြည့်လာသည်..

" ကျွန်တော် အကို အခန်းကိုသွားပြီး ဘာလုပ်ရမှာလဲ.."

" မင်းနဲ့ငါက လင်မယားတွေလေ နှစ်ယောက်အတူတူမထွက်သွားရင် သူများတွေသံသယဝင်လိမ့်မယ်.."

XiaoZhan ထိုသို့ပြောလိုက်ပေမဲ့ Yibo ကမယုံသည့်ဟန်ပြုကာ XiaoZhan ကို ကြည့်နေသည်..

" ဘာလဲ ငါမင်းကိုလုပ်မှာကိုကြောက်နေတာလား..." ( Sex )

" မဟုတ်ပါဘူး.. "

XiaoZhan ရဲ့ စူးရှတဲ့အကြည့်ကြောင့် Yibo မျက်နှာလွဲလိုက်သည် XiaoZhan မိမိမျက်လုံးတွေဘယ်လိုပုံလုပ်ထားမှန်မသိပေမဲ့ Yibo အမြင်မှာ အဲ့ဒီမျက်လုံးတွေက ဆွဲဆောင်မှုရှိလွန်လှသည် မဲ့ပြုံးပြုံးလိုက်တဲ့အချိန်မှာ နှုတ်ခမ်းပါးလေးက လခြမ်းတစ်ဖွယ်ပုံဖြစ်ပေါ်လာသည် နှုတ်ခမ်းအောက်က မှဲ့လေးကလည်း ဆွဲဆောင်မှုရှိနေပြန်သည် ဒီလူက အကုန်ခြုံကြည့်ရင် ဆွဲဆောင်မှုရှိလွန်လို့ Yibo မငြင်းဆန်နိုင်ပေ ဒါပေမဲ့ Yibo သည်းမခံနိုင်တဲ့အခါတော့ ပြန်ပြောမှာပဲ..

အကိုWhere stories live. Discover now