အခြားလူတွေကို မြှုပ်နှံပေးပြီးနောက် ယွမ်ယွမ့်ကို အကောင်းဆုံးမြှုပ်နှံပေးကာ သူမနာမည်ကို ကျောက်တုံးတွင် ထွင်းကာ စိုက်ထူပေးထားလိုက်သည်... 

ပန်းအချို့ကို သူမ အုပ်ဂူပေါ်တွင် တင်ပေးပြီးနောက် ဦးညွှတ်ကာ နောင်တအပြည့်ဖြင့် နောက်ကိုတစ်ချက်မှပြန်လှည့်မကြည့်တော့ဘဲ ထွက်လာလိုက်သည်...

Chapter-20

အနီးဆုံးမြို့မှာ ငါနားလိုက်တော့ လူတစ်စုက မြို့ကိုကြီးစိုးအုပ်ချုပ်နေတာကို တွေ့လိုက်ရသည်...

ငါရောက်တော့ မြို့ဝင်ကြေးအနေနဲ့ ငွေဒင်္ဂါး ၅၀ ပေးဆောင်ဖို့ ပြော၏... ထိုငွေက သာမန်မြို့အားဖြင့်တော့ မလိုအပ်ချေ...

နေ့လည်စာစားပြီးရင် ပြန်သွားရမလားလို့ ငါတွေးနေတုန်း တစ်စုံတစ်ခုက ငါ့အာရုံကိုဆွဲဆောင်သွား၏... ငါရှေ့ ညာဘက်ခြမ်းမှာ အမျိုးသမီးလေးယောက်ထိုင်နေပြီး အလယ်ကတစ်ယောက်ကို ငါသတိထားမိသွားသည်...

သူမကလည်း ငါစိုက်ကြည့်နေတာကို သတိထားမိသွားပုံရကာ အော်လိုက်တာကြောင့် ငါအသိပြန်ဝင်လာ၏... "အဲ့ဒီ့ ခရမ်းရောင် စိန်ဆံထိုးကို ဘယ်ကရခဲ့တာလဲ" ငါသူမခေါင်းပေါ်ကို ကြည့်ကာ မေးလိုက်သည်....

"ကျွန်မ ခင်ပွန်းပေးတာပါ" သူမ ပြန်ဖြေ၏... ထို့နောက် ငါ သူမခေါင်းပေါ်က ဆံထိုးကိုဆွဲဖြုတ်ကာ အဝတ်နဲ့သုတ်လိုက်ပြီးနောက် ငါ့ဝတ်ရုံထဲကို ထည့်လိုက်သည်...

ဒီလိုရုပ်ဆိုးတဲ့ မိန်းမကများ ယွမ်ယွမ့်အတွက် ငါလုပ်ပေးထားတဲ့ ဆံထိုးကိုဝတ်ရဲတယ်.. "နင်ဘယ်လို..!!" သူမပြောလိုက်ပေမဲ့ ငါလက်က သူမမျက်နှာဆီရောက်သွားတာကြောင့် ဆက်မပြောနိုင်တော့ပေ... 

"ငါနဲ့တွေ့ကြသေးတာပေါ့" ငါတိုးတိုးလေးပြောလိုက်တယ်ဆိုပေမဲ့ သူမတစ်ယောက်တည်းသာကြားနိုင်လောက်သည့် ခြိမ်းခြောက်တဲ့အရိပ်အယောင်ပင်..

နေရာလွတ်ထဲကနေ ဓားတစ်ချောင်းထုတ်ကာ သူမကိုချိန်ရွယ်ထားလိုက်သည်... တခြားလူတွေကလည်း ကြောက်လန့်တကြားကြည့်နေကြပြီး ဘယ်သူမှ မတိုက်ခိုက်ရဲကြချေ...

ငါ့ကိုပွေ့ဖက်ထားနိုင်မလား(ဘာသာပြန်)                          Nơi câu chuyện tồn tại. Hãy khám phá bây giờ