ရိပေါ်အထင်မမှားဘူးဆိုလျှင် ထိုသူ၏ မျက်ဝန်းများသည် ကြေကွဲနေသယောင်ဖြစ်နေ၏။

ထို့နောက် သူသည် မဲ့ခနဲ တစ်ချက်ပြုံး၏။

"အဟက်  သူစိမ်းတဲ့လား!"

သူသည် သူ့ကိုယ်သူ ရေရွတ်နေသည်လား ရိပေါ်ကို မေးနေသည်လား မသဲကွဲစွာ ခပ်တိုးတိုး ပြောလာ၏။သို့သော် တစ်ခဏ အတွင်းမှာပဲ သူသည် မျက်ဝန်းများအတွင်းမှ ကြေကွဲရိပ်များပျောက်ကာ အေးစက်မှူအပြည့်နှင့်လှောင်ပြုံး များသာ နေရာယူထားတော့၏။

"ဘယ်လိုပဲ ခင်ဗျားနှုတ်ကပြောပြော  မကြာခင်မှာပဲ ခင်ဗျားက ကျုပ်ရဲ့ အိမ်သူဇနီး ဖြစ်လာတော့မှာပဲလေ"

"မင်း!!"

ရိပေါ်သည် အရမ်းကို ပိုင်ဆိုးပိုင်နင်း ဆန်သည့် သူ့စကားများအား တကယ်မကြိုက်ပေ။

"အင်း ကျုပ်လေ ခင်ဗျားရဲ့ လင် ယောက်ျား!!"

"တောက်ခ်!! မင်းနဲ့ ကားတစ်စီးတည်း အတူမစီးနိုင်တော့ဘူး လူဆိုးကောင်!!!"

ရိပေါ်၏မျက်နှာကလေးမှာ  ရှောင်းကျန့်၏ စကားလုံးကြမ်းကြမ်းများကြောင့်  နီရဲစွေးနေချေ၏။ရိပေါ် ကားတံခါးအား တွန်းဖွင့်ကာ ကားပေါ်မှ ဆင်းလာခဲ့၏။ အနောက်က သူ့ ထံမှ ရယ်သံ သဲ့သဲ့အားကြားသော်လည်း ရိပေါ် သည် လှည့်မကြည့်ဖြစ်တော့။

တောက်ခ်! လူဆိုးကောင်!!

"လွှတ်စမ်း! ငါ့အသားကို မထိနဲ့!"

ရိပေါ်သည် ထိုလူဆိုးကောင် လိုက်မမှီ စေရန် ခြေလှမ်းများအား ခပ်သွက်သွက်လျှောက်နေပါသော်လည်း ထိုလူဆိုးကောင်၏ ခြေတံရှည်တွေကိုတော့ဖြင့် မယှဉ် နိုင်ချေ။

နောက်ကနေ လိုက်၍ ရိပေါ်လက်ကို ဖမ်းဆွဲလျှင် သူ့လက်ကြီးထဲမှ ရိပေါ် လက်ကလေးအား  ဆက်ခနဲ ရုန်းထွက်ပစ်၏။

ထိုအခါ လူဆိုးကောင်သည်    အော်ရယ်လာကာ ရိပေါ်အား အနောက်ကနေ ခပ်တင်းတင်းပွေ့ဖက်ပစ်၏။ရိပေါ်မှာတော့ အင့်ခနဲ ဖြစ်သွားရကာ လူဆိုးကောင်၏ ရင်ခွင်ကျယ်ကြီးထဲတွင် ရိပေါ်၏ ခန္ဓာကိုယ် သေးသွယ်သွယ်လေးသည် မြှုပ်နေ၏။

Second LoveKde žijí příběhy. Začni objevovat