အပိုင်း(၂၈)

Start from the beginning
                                    

"ဂမုန်းပင်... ဂမုန်း.. "

ဖိုးခွားကိုပုံပြောပြပြီး သူက ဇာတ်ကားကြည့်ရန် အလှဲ... ဘေးဘက်ကသူ့နာမည်ခေါ်သံကြောင့် ဂမုန်းသေချာနားထောင်ကြည့်ပြန်သည်။

"မောင့်...ဂမုန်းပင်... "

ဒါသစ်မင်းမောင်အသံပဲ။ ီးလိုမှပဲ သူများအိပ်ချိန်မှန်းမသိ ဘာလာလုပ်ပြန်တာလည်း...။

" ဟျောင့်... သစ်မင်းမောင် ီးမို့လို့လား...ဒါလူအိပ်ချိန်ကွ... ဖိုးခွားအိပ်နေပြီ ပြန်တော့..."

"ရှူးးးးးတိုးတိုး...ဂမုန်းပင်...မောင်အရေးကြီးပြောစရာရှိလို့...အပြင်ကိုခဏထွက်ခဲ့ဦး..."

အသံကိုမိုင်ကုန်နိမ့်ကာ သစ်မင်းမောင် ဆိုသည်။ ဂမုန်းကလည်း စိတ်ရှုပ်ဟန်ဖြင့် ဆံပင်များကိုထိုးဖွပြီး...နောက်ဖေးဘက်ကိုဆင်းလာတယ်..။

" ီးလိုမှပဲ...ဘာလဲ... !!"

"ဟို...ဟို.. ညနေက မောင်ကူးပေးလိုက်တဲ့ ဇာတ်ကားတွေ ကြည့်ပြီးပြီလား..!!"

"အခုကြည့်မလို့လေ..."

"ဟာ!!...ဂမုန်းပင် မကြည့်နဲ့တော့...အဲ့..အဲ့ဒါတွေကလေ.."

သစ်မင်း ကစကားဆတ်၍မဆိုတော့။ သူကအဲ့လိုပြောတော့ ကျုပ်စောက်ကျင့်ကပိုပြီးသိချင်ရော..။

"ဘာလဲ! !..ဘာဖြစ်လို့လဲ.."

"ဟို...ဟိုလေ.. "

"ကျစ်!! ီးလိုပဲကွာ...မြန်မြန်ပြောဟ.."

"ဟို..ဟို..အဲ့ဒါဒီလိုကွာ..$#%$%^*&^$$$# .."

"အင်...တ..တကယ်လား...!"

ဂမုန်းက အံသြသလို မျက်လုံးအဝိုင်းသားလေးနှင့် ပြန်မေးသည်။
သစ်မင်းမောင် ပြောသာပြောရတာ ပါးကျိန်းလှသည်။
ပြီးတော့...ခုနကဟာကြီးကြည့်ပြီး စိတ်ကဂမုန်းပင်ကိုတွေးလိုက်မိတာ ကျုပ်ရဲ့ညီလေးကတင်းမာနေပြီ...။
မနည်းသည်းခံကာနေရခြင်းကြောင့် ဇောချွေးတွေကအဆတ်မပျက်ထွက်နေသည်။
ဒါကိုသတိထားမိတဲ့ ဂမုန်းက..။

"သစ်မင်းမောင်... မင်းနေကောင်းရဲလား.."

"အမ်...ဟို...ဟို မောင်နေကောင်းပါတယ် ဂမုန်းပင်ရဲ့...အ့..!!"

ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete) Where stories live. Discover now